လိင်ဖျော်ဖြေရေးအရုပ် ၂ ရုပ်အားမယ်တော်အဖြစ် အသက်သွင်းသိဒ္ဓိတင်သူအား ဒဂုံရဲစခန်းတွင် ခေါ်ယူစစ်​ဆေးမေးမြန်း

0
651

ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုဒ်အောက်ခြေ၌ လိင်ဖျော်ဖြေရေးအရုပ် ၂ ရုပ်အား အောက်တိုဘာ ၂၂ ရက် (ယနေ့)နံနက်ပိုင်းက မယ်တော်အဖြစ် အသက်သွင်းသိဒ္ဓိတင်သူအား ဒဂုံရဲစခန်းတွင်‌ခေါ်ယူစစ်​ဆေး မေးမြန်း‌နေကြောင်း သိရသည်။

အရိယာ သောတာပန် သူရဿတီမယ်တော်ကြီးနှင့်သီရိ ဒေဝီမယ်တော်ကြီးဟု အမည်တပ်ကာ အရုပ် ၂ ရုပ်အား မြန်မာဝတ်စုံဝတ်ဆင်ပေးကာ အသက်သွင်းသိဒ္ဓိတင်နေခြင်းနှင့်လူအချို့မှကန်တော့နေခြင်းတို့အား လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်ချုပ်ကြီးအမည်ဖြင့်ဖွင့်လှစ်ထားသည့် လူမှုကွန်ယက်စာမျက်နှာမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ယက်စာမျက်နှာများ၌ ဝေဖန်မှုများလည်းမြင့်တက်ခဲ့ပြီး

ခေါ်ယူစစ်ဆေးမေးမြန်းမှုနှင့်ပတ်သက်၍ ”ဒဂုံရဲစခန်းမှာခေါ်ယူစစ်​ဆေးမေးမြန်းနေပါတယ် ။လောလောဆယ်အမှုမဖွင့်ရသေးပါဘူး။အရေးယူဖို့တွေလည်းရှိမှာပါ။ဘုရားပေါ်တင်ခွင့်ကို နဂိုကတည်းကခွင့်မပြုထားပါဘူး။ ဒါ​ကြောင့်သူတို့ကတောင်ဘက်မုဒ်အောက်ခြေမှာလုပ်ခဲ့တာလို့သိရပါတယ်။ ဂေါပကအဖွဲ့ကလည်း သာမန်သစ်သားရုပ်ထုလို့ထင်သဖြင့်လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက​ပေါ်ပြူလာနယူးစ်သို့ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here