နေပြည်တော်အား ပညာရေးမြို့တော်ဖြစ်စေရန် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြဖို့ နစက ဥက္ကဋ္ဌ တိုက်တွန်း

0
289

နိုင်ငံ့အနာဂတ်ဖြစ်သည့် လူသားအရင်းအမြစ်ကောင်းများပေါ်ထွက်လာရန် အစိုးရနှင့်ပြည်သူတစ်ရပ်လုံးဝိုင်းဝန်းအားပေးရမည်ဖြစ်ကာ အခြေ ခံလူသားအရင်းအမြစ်များ လိုအပ်သကဲ့သို့ နည်းပညာကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလည်းလိုအပ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

နေပြည်တော်ရှိ အငယ်စား၊အသေးစားနှင့်အ လတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား အောက်တိုဘာ ၂၂ ရက်ကတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပညာရေးအားနည်းသည်ကို သန်း ခေါင်စာရင်းများအရသိနိုင်ပြီး ပြည်နယ်နှင့်တိုင်းအားလုံးရှိ ခရိုင်များတွင် စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးသွားရန်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“ဝန်ထမ်းတွေရဲ့သားသမီးတွေ နေပြည်တော်က ကျောင်းသား၊ကျောင်းသူတွေ တက်ရောက်နိုင်ဖို့အတွက် နေပြည်တော်မှာလည်း Naypyitaw State Academy ကိုမကြာမီ ဖွင့်လှစ်ပေးသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

ယခင်နှစ်က စာသင်ကျောင်းများကို ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းနည်းပါးခဲ့သဖြင့် ပညာသင်ကြားရေးနှင့်ပတ် သက်၍ အားလုံးကဝိုင်းဝန်းဆောင်ရွက်ကြရန်လို​ကြောင်း​ပြောခဲ့သည်။

လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန် သက်ဆိုင်ရာ လုပ်ငန်းရပ်များအလိုက် လုပ်ငန်းခွင်သင်တန်းများအား ဖွင့်လှစ်သင်ကြားပေးကြစေလိုသည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။

“နေပြည်တော်နယ်မြေအတွင်း ပုဂ္ဂလိကပညာရေးကျောင်းတွေဖွင့်လှစ်ဖို့အတွက် ခွင့်ပြုပေးထားပြီး ပညာရေးမြို့တော်ဖြစ်စေဖို့ အားလုံးဝိုင်းဝန်းအား ပေးဆောင်ရွက်ကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here