မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမ ပုံမှန်အခြေနေပြန်ဖြစ် ၊ ကားများ ယခင်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနေ

0
321

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၁၈ ရက်ညနေပိုင်းမှစတင်ကာ ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲကြောင့် အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ရာမှ အောက် တိုဘာ ၂၂ ရက်ညနေပိုင်းမှ စတင်ကာ ပြန်လည်ဖြတ်သ န်း ခွင့်ပြုခဲ့ပြီး ယာဥ်များပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖြတ်သန်းခွင့်ပြုပြီးနောက် ရာချီရပ်နားထားရသည့် နှစ်ဖက်လမ်းကြောင်းမှကားများအနက် အချို့ကားများမှာ မောင်းနှင်ထွက်ခွာခဲ့ကြပြီး အချို့ကားများမှာ အောက်တိုဘာ ၂၃ ရက်(ယနေ့)နံနက်အစောပိုင်းမှစတင်၍ ပြန်လည်ထွက်ခွာမှုများရှိနေကြောင်း သိရသည်။

“ကားတွေက နှစ်ဖက်လုံးမှာရပ်ထားရတော့ အခုလမ်းပြန်ဖွင့်တဲ့အချိန် အကုန်လုံးကသွားချင်နေကြတာ အဲဒီတော့ လမ်းပိတ်တာတွေတော့ရှိတယ် ကျွန်တော်တို့အဖွဲ့တွေဝိုင်းပြီးလမ်းရှင်းပေးနေပါတယ် အရင်လို အာရှလမ်းမကြီးပေါ်မှာ ကားတွေသွားလာတာကိုပြန်မြင်ရတော့တယ် ဝမ်းသာစရာပေါ့ဗျာ”ဟု သင်္ဃန်းညီနောင်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အာရှလမ်းမကြီးအား ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့သည့် အောက်တိုဘာ ၂၂ ရက်ညနေပိုင်းတွင် အ များဆုံးမောင်းနှင်ထွက်ခွာခဲ့သည့် ကားများမှာကုန်တင်ကားများဖြစ်ကာ ကိုယ်ပိုင်ကားအချို့နှင့်ခရီးသည်တင်ကားအချို့လည်း ထွက်ခွာခဲ့ကြကြောင်း သိရသည်။

“ကုန်ကားတွေကတော့ပိုပြီးအရေးကြီးတော့ လမ်းပွင့်ပြီဆိုတာနဲ့ချက်ခြင်းထွက်ကြတယ် တချို့ကားတွေကတော့ အခြေအနေစောင့်ကြည့်တဲ့သဘောနဲ့ဒီနေ့မနက်မှထွက်ကြတယ် လမ်းတစ် လျှောက်ကတော့ အေးအေးချမ်းချမ်းဖြစ်သွားပါပြီ လုံခြုံရေးယူထားတဲ့အဖွဲ့တွေလည်းရှိတယ်”ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo. Aung Min Oo


LEAVE A REPLY

Please enter your comment!
Please enter your name here