ရန်ကုန် စ​နေသန့်ရှင်းရေးများ

0
239

ရန်ကုန်တိုင်းအတွင်း၌ သန့်ရှင်းရေးလုပ်ငန်းများအား စနေနေ့တိုင်းတွင် မြို့နယ်အလိုက် စုပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တော်စည်ပင်မှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျှက်ရှိကြသည်။

ယခုတပတ်တွင် လှိုင်မြို့နယ်၊ ၁၃ ရပ် ကွက်ရှိ ပေါင်းစည်းလမ်းအပါအဝင် လမ်းပေါင်း ၁၄ လမ်းအား လမ်းနယ်နိမိတ်တိုင်းတာ၍ အခိုင်အမာအဖီအဆွယ်၊ယာယီအမိုးအဖီ၊လမ်းနယ်ပေါ်ရောက်ပန်းအိုးနှင့်ပစ္စည်းများစိစစ်ရှင်းလင်းခြင်း၊သီရိမြိုင်လမ်းပေါ်ရှိ ပိတောက်ချောင်းဖြတ် ကွန်ကရိတံတားနှင့်အနီးရှိ ကျန်းမာရေးလေ့ကျင့်ပ စ္စည်းများ၊ကတ်တုံးများအား ဆေးသုတ်မွမ်းမံခြင်း၊ပိတောက်ချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် Excavator စက်ယန္တရားဖြင့်ပြန် လည်တူးဖော်ခြင်း၊ဖြတ်မြောင်းများအတွင်းမြောင်းချေးများဆယ်ယူရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် အလုံမြို့နယ်၊စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အ.ထ.က(၅)၊ကမာရွတ်မြို့နယ်၊သရက်တောတောင်ရပ်ကွက်၊ဟံသာဝတီလမ်းရှိ အရိုးရောဂါအထူးကုဆေးရုံကြီး၊ရန် ကင်းမြို့နယ်၊(၁၃)ရပ်ကွက်၊မြနန္ဒာလမ်းရှိ အလုပ် သမားညွှန်ကြားမှုဦးစီးဌာန၊ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)နှင့်ပုဇွန်တောင်မြို့နယ်၊ညောင်တန်းလမ်းရှိ အ.လ.က(၃)တို့တွင်လည်း သန့်ရှင်းရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ကျောင်းများအတွင်း အမှိုက်၊မိလ္လာများမှအနံ့ဆိုးများ ကင်းစင်စေရန်၊ပိုးမွှားများပေါက်ဖွားမှု မရှိစေရန်နှင့်ကျန်းမာရေးအထောက်အကူပြုနိုင်ရန် ဇီဝသဘာဝ အနံ့ဆိုးပျောက် ပိုးမွှားကင်းစင်ဆေး (အနောက်)၊(အကြည်)နှင့်(အမှုန့်)တို့ကိုလည်း YCDC မှ ပေးအပ်ခဲ့ကြသည်။

ပန်းဘဲတန်း၊စမ်းချောင်း၊ကမာရွတ်မြို့နယ်တို့တွင်လည်း ရေစီးရေလာကောင်းမွန်စေရန် YCDC မှဝန် ထမ်းများက အမှိုက်နှင့်မြောင်းချေးများအား ရှင်း လင်းပေးခဲ့ကြသည်။

 ကန်တော်ကြီးသဘာဝဥယျာဉ်နှင့်အင်းလျားကန်တို့၌ စိမ်းလန်းစိုပြည်ရေးနှင့်ကန်ရေပြင်ကြည်လင်သန့်ရှင်းရေးအတွက်လည်းကန်စပ်တစ် လျှောက်ရှိ မြက်ပင်များ၊မှော်၊ဒိုက်များ၊အမှိုက်များကို ဖယ်ရှားရှင်းလင်းခဲ့ကြပြီး ကန်ရေပြင်များ ကြည်လင်စေရန် ကော့ပါးဆာလဖိတ်စ်အရည်များဖျန်းပေးခဲ့ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊အမှတ်(၆၄)ရပ် ကွက်၊အ.လ.က(၁)ကျောင်းဝင်း၊မင်္ဂလာဒုံမြို့နယ်၊ပြန်လည်နေရာချထားရေးရပ်ကွက်၊အ.မ.က(၉) ကျောင်းဝင်း၊မရမ်းကုန်းမြို့နယ်၊(၁၀)ရပ်ကွက်၊ပါ ရမီလမ်းရှိ အ.မ.က(၇)ကျောင်းဝင်း၊အ.မ.က(၂) ကျောင်းဝင်းနှင့်တုလွတ်အောင်မြေ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတို့၌လည်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများအား YCDC မှဝန် ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here