ရွှေတိဂုံစေတီတော်တောင်ဘက်မုဒ်ကားပါကင်၌  လိင်ဖျော်ဖြေရေးအရုပ် ၂ ရုပ်အားအသက်သွင်း သိဒ္ဓိတင်ရာတွင် ဦးဆောင်သူနှင့်ပါဝင်သူများအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆို

0
474

ရွှေတိဂုံစေတီတော်တောင်ဘက်မုဒ်ကားပါကင်၌  အမျိုးသမီးအရုပ် ၂ ရုပ်အားအသက်သွင်း သိဒ္ဓိတင်ရာတွင် ဦးဆောင်သူနှင့်ပါဝင်သူများအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆို

ရွှေတိဂုံစေတီတော်တောင်ဘက်မုဒ်ကားပါကင်၌ အောက်တိုဘာ ၂၂ ရက်နံနက်ပိုင်းက အမျိုးသမီးအရုပ်(၂) ခုအား သိဒ္ဓိတင်နေသည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်မှုများထွက်ပေါ်ခဲ့၍ ပြန်လည်စိစစ်ခဲ့သည်ဟု သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စီစစ်ရရှိချက်အရ လူမှုကွန်ရက်ပေါ်မှ ဗီဒီယိုဖိုင်များအား “လောကဝိဇ္ဇာဓိုရ် မိန်းမလှ ဒေဝီအထက် ဂိုဏ်းချုပ်ကြီး”လူမှုကွန်ယက်စာမျက်နှာတွင် စ တင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးအရုပ် (၂)ရုပ်အား သိဒ္ဓိတင်မှုပြုလုပ်သည့် ဦးရှိုင်းဇာနည်အောင်၏ page account ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဖြစ်စဥ်အား ဆက်လက်စီစစ်ခဲ့ရာ အောက်တိုဘာ ၂၂ ရက်နံနက် ၇ နာရီခန့်တွင် ဦးရှိုင်းဇာနည်အောင် အပါအဝင် ၈ ဦးခန့်သည် Alphard(အမည်းရောင်)ကားဖြင့် ရွှေတိဂုံစေတီတော်တောင်ဘက်ကားဝင်းသို့ အမျိုးသမီးအရုပ်ကြီး(၂)ခုဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လုံခြုံရေးတာဝန်ရှိသူများမှ အရုပ်ကြီး(၂)ခုအား စေတီတော်ရင်ပြင်တော်ပေါ်သို့ တင်ခွင့်မပြု၍ တောင်ဘက်ကားကွင်းတွင်ထားရှိခဲ့ပြီး ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့သည် ရင်ပြင်တော်ပေါ်သို့ တောင်ဘက်ဓာတ်လှေကားဖြင့်တက်ရောက်ကာ စဉ့်သူရဿတီမယ်တော်ရုပ်တုအား သယ်ဆောင်ပြီး ရွှေတိဂုံစေတီတော်အား လက်ယာရစ်ပတ်ခဲ့ကြသည်။

ထို့နောက် စေတီတော်စနေထောင့်ရှိ သူရဿတီရုပ်ရှေ့တွင် စဉ့်သူရဿတီရုပ်တုနှင့်ကန်တော့ပွဲများချ၍ သိဒ္ဓိတင်မှုပြုလုပ်ပြီး တောင်ဘက်စောင်းတန်းမှ ပြန်ဆင်းကာ တောင်ဘက်ကားကွင်းရှိ ကျောက်စာတိုင်အနီး၌ အရုပ်(၂)ခုအား သိဒ္ဓိတင်နေမှုအား ရွှေတိဂုံစေတီတော်လုံခြုံရေးအဖွဲ့မှ ခေါ်ယူမေးမြန်း၍ ဖယ်ရှားရှင်းလင်းမှုပြု လုပ်ခဲ့သည်။

ထို့ကြောင့် အမျိုးသမီးအရုပ်(၂)ခုအား သိဒ္ဓိတင်ခဲ့သည့် ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုသွားမည်ဟု သာသ နာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပ ကအဖွဲ့ထံ ဖြစ်စဥ်အားတင်ပြခြင်းမရှိဘဲ မိမိသ ဘောဖြင့်ခွင့်ပြုပေးခဲ့သည့် တာဝန်ရှိသည့်ဝန် ထမ်းအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ခုံရုံးဖွဲ့၍ စုံစမ်းစစ်ဆေးကာ ပြင်းထန်စွာအရေးယူသွားမည်ဟု သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီး ဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဥ်စတင်ထွက်ပေါ်လာသည့် အချိန်မှစ၍ လူမှုကွန်ယက်စာမျက်နှာများ၌ ဝေဖန်ပြော ဆိုမှုများမြင့်တက်ခဲ့ပြီး ဒဂုံရဲစခန်းမှလည်း ဦးရှိုင်းဇာနည်အောင်အား ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here