မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဥ္စမနေ့တွင် ကျောက်စိမ်းအတွဲ ၆၆၅ တွဲရောင်းချခဲ့ရ

0
157

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ ခုနှစ်၊နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဥ္စမနေ့တွင် ကျောက်စိမ်းအတွဲ ၆၆၅ တွဲအားရောင်း ချပေးခဲ့ကြောင်း သိရသည်။

ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့်ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက လေ့လာကြည့်ရှုကြသည်။

ထို့ပြင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၁ မှအတွဲအမှတ် ၇၅၀ အထိ ကျောက်မျက်အတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက ဈေးနှုန်းတင်သွင်းလွှာများအား တင်ဒါပုံးများအ တွင်းထည့်သွင်းပြီး တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲ ၆၆၅ တွဲအား ရောင်းချပေးခဲ့ကြသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာ ယက၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီမှလည်း ကျောက်စိမ်းအတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ 

အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင်လည်း ကျန်ရှိသည့် ကျောက်စိမ်းအတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ပြည်ပရတနာကုန် သည်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။

ပြပွဲ၌ ပုလဲအတွဲပေါင်း  ၄၀၀ အနက် ၃၆၂ တွဲနှင့် ကျောက်မျက်အတွဲ ၁၂၀ အနက်မှ ၅၅ တွဲအား ရောင်းချပေးခဲ့ပြီးဖြစ်ကာ ငွေပေးချေရာတွင်လည်း အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ်၊ ကျပ်ငွေတို့ဖြင့် ပေးချေနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here