ကျောက်တော်မြို့တွင် မိနစ် ၄၀ ခန့်ကြာမီးလောင်မှုဖြစ်ပွား၍ စျေးဆိုင်ခန်းနှင့်နေအိမ်အချို့ဆုံးရှုံး

0
228

ရခိုငိပြည်နယ်၊ကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်တွင် အောက်တိုဘာ ၂၄ ရက်(ယနေ့) နံနက်အစောပိုင်းက မိနစ် ၄၀ ခန့်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ပြည်တော်သာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ကျောက်တော်မြို့နယ်မီးသတ်စခန်းမှမီးသတ်ကား ၂ စီး၊လူမှုကူညီရေးအသင်းများနှင့်ပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် ဆိုင်ခန်းတစ်ခုက ရေခဲသေတ္တာအပူလွန်ပြီး စလောင်တာလို့သိထားတယ် ဖြစ်စဥ်အတိအကျကိုတော့ မီးသတ်ကတာဝန်ရှိတဲ့လူတွေစစ်ဆေးနေကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်၊

မီးလောင်မှုအား ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၂ နာရီ ၅၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကာ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုများ မရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်ကြောင့် စျေးဆိုင်ခန်းများအပါအဝင် နေအိမ် ၁၀ လုံးခန့်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here