အာဆီယံဝန်ကြီးများ မြန်မာ့အရေးဆွေးနွေးမည်

0
155

ဖနွမ်းပင်၊အောက်တိုဘာ ၂၃

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆွေးနွေးရန် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို အောက်တိုဘာ ၂၇ ရက် ကြာသပတေးနေ့၌ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။

ဂျကာတာမြို့ရှိ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အတွင်းရေးမှူးချုပ်ရုံး၌ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနစကအစိုးရနှင့် ပြီးခဲ့သည့်နှစ်က သဘောတူထားသည့် ငြိမ်းချမ်းရေး “သဘောတူညီချက်ငါးရပ်” ကို နိုင်ငံတွင်း ပဋိပက္ခများချုပ်ငြိမ်းအောင်အကောင်အထည်ဖော်ရေး ကိုဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Chum Sounry က ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က တာဝန်ယူပြီးနောက်ပိုင်း၌မြန်မာနိုင်ငံသည် အကြမ်းဖက်မှုသံသရာတွင်ပိတ်မိနေခဲ့သည်။

လာမည့်လတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားမည်ကဲ့သို့ တွန်းအားပေးဆောင်ရွက်မည်ဟူသည့် အကြံပြုချက်များရရှိရန် အဆိုပါအစည်းအဝေး၌ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင်ပုံမှန်ပြန်ဖြစ်စေရန် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အခြားအာဆီယံနိုင်ငံများနှင့်အတူ ဦးဆောင်နေသော်လည်း အတိုက်အခံများနှင့်ထိတွေ့ဆက်ဆံခြင်း၊ရန်လိုမှုများရပ်စဲရေးတို့ ပါ၀င်သည့် ဘုံသဘောတူညီချက်အစီအစဉ်ကို အကောင်အထည်ဖော်ရာ၌ တိုးတက်မှုမရှိသေး‌ေပ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အ‌ဗ္ဗဒဲလားကမူ အာဆီယံ၏ငြိမ်းချမ်းရေး သဘောတူညီချက်သည် ဆီလျော်မှုရှိမရှိကို နိုဝင်ဘာလတွင်ဆုံးဖြတ်ရန် လိုအပ်ကြောင်းလည်း ပြီးခဲ့သည့်လကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here