စစ်တွေတွင် ပျောက်ဆုံးနေသည့် ကလေးငယ် ၃ ဦးအထဲမှ တစ်ဦး၏ အလောင်းကိုရှာဖွေတွေ့ ရှိ

0
282

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပျောက်ဆုံးနေသည့် လေးတန်းကျောင်းသား ၃ ဦးအထဲမှ ကျောင်းသားတစ်ဦး၏အလောင်းကို ယနေ့ (အောက်တိုဘာ ၂၄ ရက်)နံနက် ၁၀ နာရီကျော်ခန့်က ရှာဖွေတွေ့ရှိခဲ့ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ထံမှ သိရသည်။

” ဇွဲဘုန်းခန့်ဆိုတဲ့ ကောင်လေးရဲ့ အလောင်းကိုတွေ့ပါပြီ။ ကျန်တဲ့ကလေးနှစ်ယောက်ကိုရှာဖွေတွေ့ရှိဖို့လည်း ကြိုးစားနေပါတယ်။ အခုက လှိုင်းနဲ့လေနဲ့ တိုက်နေတာဆိုတော့ ရှာဖွေတဲ့ နေရာမှာ အခက်အခဲရှိနေပါတယ်”ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှတာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါကလေးငယ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်တွေမြို့နယ် ကျေးတောရွာမ ချောင်းနားတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းကလေး၏အလောင်းအား ကျေးတောရွာမချောင်းထဲမှ ဆယ်ယူ၍ စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ပေးထားသည်ဟု သိရသည်။

ပျောက်ဆုံးနေကြသည့် အသက်ဆယ်နှစ်အရွယ် စတုတ္တတန်းကျောင်းသား ၃ ဦးမှာ ပြည်တော်သာရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင်၊ မောင်အောင်လင်းသူ နှင့် ဘုမေ စစ်တွေတက္ကသိုလ် လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့် တို့ဖြစ်ကြပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့် ကယင်းတို့၏ နေအိမ်မှ ပြင်ပသို့ ကစားရန်ထွက်ခွာကြပြီး နောက်ပိုင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အချိန်တွင် ၎င်းတို့ထဲမှ မောင်ဇွဲဘုန်းခန့်၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အခြားပျောက်ဆုံးနေသည့် ကျောင်းသားနှစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကာ မတွေ့ရှိရသေးကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here