ပြင်သစ်သမ္မတ မက်ခရွန်က ယူကရိန်းတွင် ငြိမ်းချမ်းရေးရရန် အခွင့်အလမ်းရှိသည်ဟုဆို

0
241

ရောမ၊ အောက်တိုဘာ ၂၃

ယူကရိန်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ရုရှားက သတိပေးထားသော်လည်း ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းရှိနေသည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အောက်တိုဘာ ၂၃ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ရုရှားသည် တနင်္ဂနွေနေ့တွင် ယူကရိန်းပိုင် မီကိုလာယစ် မြို့သို့ ဒုံးကျည်များနှင့် ဒရုန်းများ ပစ်လွှတ်ခဲ့ပြီး ပဋိပက္ခသည် ထိန်းချုပ်၍ မရအောင် ပြင်းထန်မည့် အခြေအနေသို့ ဦးတည်နေကြောင်း မော်စကိုက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းအရေးအခင်း စတင်ကတည်းက မော်စကိုသို့ အနောက်တိုင်း သံတမန် လမ်းကြောင်းများ ဖွင့်လှစ်ထားရန် အရေးကြီးကြောင်း ပြင်သစ်က အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် အလားအလာရှိပါတယ်၊ တစ်ချိန်ချိန်မှာတော့ ရောက်ရှိလာမှာပါ” ဟု ကမ္ဘာ့ငြိမ်းချမ်းရေး မြှင့်တင်ရန်အတွက် နည်းလမ်းများရှာဖွေရန် ရည်ရွယ်ကျင်းပခဲ့သော ရောမြို့ရှိ ညီလာခံတွင် မက်ခရွန်က ပြောကြားခဲ့သည်။

“လက်ရှိအချိန်မှာ အခြေအနေတွေ ပြောင်းလဲလာတဲ့ အပေါ်မူတည်ပြီး ယူကရိန်းပြည်သူတွေနဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေက ဒီသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပြီးတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းရေးသဘောတူညီချက်ကို တည်ဆောက်နိုင်မှာပါ” ဟု မက်ခရွန်က ဆိုသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here