MSMEလုပ်ငန်းများ အမြတ်ငွေသိန်း ၁၀၀ မကျော်ပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြု

0
316

MSMEလုပ်ငန်းများ အမြတ်ငွေသိန်း ၁၀၀ မကျော်ပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြု

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများအနေဖြင့် လုပ်ငန်းစတင်လုပ် ကိုင်သည့်နှစ်နှင့်တစ်ဆက်တည်း ၃ နှစ်ပြည့်သည်အထိ လုပ်ငန်း၏အသားတင်အမြတ်ငွေမှ ကျပ်သိန်း ၁၀၀ မကျော်ပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုကြောင်း သိရသည်။

လက်ရှိအချိန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ တရားဝင်မှတ်ပုံတင်ထားသည့် လုပ် ငန်းပေါင်း ၁၈၀၀၀ ကျော်ရှိကြောင်း သိရသည်။

“MSME လုပ်ငန်းဆိုတာက ဌာနအနေနဲ့ ဥပဒေရှိပါတယ် မြင်းကောင်ရေ ၀ ဒသမ ၂၅ နဲ့အထက် မြင်းကောင်ရေ ၅ ကောင်အောက်ရှိတဲ့ အသေးစားစက် မှုလက်မှုလုပ်ငန်းတွေပါ အဲဒီဟာတွေကို ဌာနကမှတ်ပုံတင်ပေးပါတယ် မှတ်ပုံတင်ပေးတဲ့အချိန် စ တင်တည်ထောင်တဲ့လုပ်ငန်းရှင်တွေအနေနဲ့ ၃ နှစ်အတွင်းမှာ ဝင်ငွေခွန်သိန်း ၁၀၀ မကျော်ရင် ဝင် ငွေခွန်ကင်းလွတ်ခွင့်ရှိတာကို ဆောင်ရွက်ပေးလို့ရပါတယ်”ဟု အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ရီရီလှိုင်ကပြော သည်။

မှတ်ပုံတင်လုပ်ငန်း ၁၃ မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး မှတ်ပုံတင်ကြေးမှာ ၁၀၀၀၀ ကျပ်နှင့် လျှောက်လွှာကြေးမှာ ၁၀၀၀ ကျပ်ကျသင့်ပြီးပါက မှတ်ပုံတင်ထုတ်ပေးပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ပြီးပါက ဌာနမှနည်းပညာကူညီပေးမှုများရှိသည်ဟု သိရသည်။

“MSME Member အနေနဲ့ဝင်ချင်တယ်ဆိုရင်လည်း ဌာနကထောက်ခံပေးလို့ရတယ် ပြည်တွင်းပြည်ပအလုပ်ရုံဆွေးနွေးပွဲတွေတက်လို့ရတယ် ဌာနက တိုင်းနဲ့ပြည်နယ်တွေမှာလုပ်တဲ့ကုန်စည် ပြပွဲတွေမှာလည်း ပါဝင်ခွင့်ရှိပါတယ် လုပ်ငန်းတွေအောင်မြင်ဖို့အတွက်လည်း လုပ်ငန်းသသောသ ဘာဝတူညီတဲ့ မျိုးတူတဲ့အဖွဲ့တွေကိုဖွဲ့စည်းပေးပါတယ် ဌာနကအခါအားလျှော်စွာသတ်မှတ်ပေးတဲ့အထောက်အကူပစ္စည်းတွေကိုလည်းခံစားခွင့်ရပါတယ်”ဟု ညွှန်ကြားရေးမှူးဒေါ်ရီရီလှိုင်ကပြော သည်။

လက်ရှိအချိန်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက် တင်ဘာလကုန်အထိ ၁၈၀၀၀ ကျော်ရှိကြောင်း သိရသည်။

“နည်းနေရတဲ့အကြောင်းရင်းက ၂၀၁၆ ခုနှစ်မှာ ဌာနက 0 Setting ချလိုက်တယ် မှတ်ပုံတင်ထားတာတွေကို Operation တစ်ရပ်အနေနဲ့ကွင်းဆင်းစစ်ဆေးတယ် အဲဒီအချိန်မှာ တကယ်အလုပ်မလုပ်တော့ဘူးဆိုရင် မှတ်ပုံတင်ပယ်ဖျက်လိုက်တယ် ဒါ့ကြောင့် ၁၈၀၀၀ ကျော်ပဲရှိနေသေးတာပါ”ဟု ညွှန်ကြားရေးမှူးဒေါ်ရီရီလှိုင်ကပြောသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာများမျှဝေပေးလျက်ရှိကာ လေ့ကျင့်ပျိုးထောင်ရေးစင်တာများဖွင့်လှစ်ပေးထားကာ ရုံးချုပ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၅ ခုတွင်လည်း Education Centre များဖွင့်လှစ်ပေးထားပြီး နည်းပညာယူခြင်း၊ စက်များအသုံးပြုခြင်းနှင့်လုပ်ငန်းထူထောင်မည်ဆိုပါက ပံ့ပိုးကူညီပေးခြင်းများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here