လမ်းဆုံမီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများကြောင့် ယာဉ်မတော်တဆမှုများပေါ် ပေါက်ရသဖြင့် စည်းကမ်းထိန်းသိမ်းဆောင်ရွက်ရမည်ဟု ရန်ကုန်မြို့တော်ဝန်ပြော

0
337

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ကော်မတီဝင်နှင့်ဌာနမှူးများလုပ်ငန်းညှိနှိုင်း အ စည်းအဝေး(၂၆/၂၀၂၂)အား အောက်တိုဘာ ၂၄ ရက်နံနက် ၁၀ နာရီခွဲကပြုလုပ်စဥ် ရန်ကုန်မြို့ တော်ဝန်ဦးဗိုလ်ဌေးကပြောကြားခဲ့ခြင်းဖြစ်သည်။

ယာဉ်သွားလာမှုများပြားလာပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများပြားလာသည့်အပြင် လမ်းဆုံမီးပွိုင့်များ၌ တောင်းရမ်းစားသောက်သူများကြောင့် ယာဉ်အန္တရာယ်၊လမ်းအ န္တရာယ်များပေါ်ပေါက်ရသဖြင့် တောင်းရမ်းစားသောက်သူ ကလေးငယ်များမရှိစေရန် စည်းကမ်းထိန်းသိမ်းဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးအစီအစဉ်များကိုလည်း တိုးမြှင့်ဆောင်ရွက်ရမည်ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကမှာကြားခဲ့သည်။

ယာဉ်ကြောပြမျဉ်း ဆေးဆွဲအမှတ်အသားများ၊လမ်းညွှန်ဆိုင်းဘုတ်များသစ်လွင်စေရန်လည်း ဆောင်ရွက်ရမည်ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက တိုက်တွန်းမှာကြားခဲ့သည်။

ထို့အတူ ကော်မတီဝင်များ၊ဌာနမှူးများနှင့်ရန်ကုန် တိုင်းစည်ပင်သာယာရေးအဖွဲ့ ဒု-ညွှန်ကြားရေးမှူး ချုပ်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here