ရုရှားနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ သုံးရက်အတွင်း နှစ်ကြိမ် ဖုန်း ပြောခဲ့

0
182

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုင်ဂူ သည် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် နှင့် ၃ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၂၃ ရက် တနင်္ဂနွေနေ့ တွင် စကားပြောဆိုခဲ့ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံများမှ အခြားသော မိတ်ဖက် သုံးဦးနှင့်လည်း ခဏတာ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့သည်။

မော်စကိုသည် အော်စတင်နှင့် စကားစမြည်ပြောဆိုမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိပေ။ အဆိုပါ စကားပြောဆိုမှုမှာ ၎င်းတို့နှစ်ဦး မေလနောက်ပိုင်း ပထမအကြိမ်အဖြစ် သောကြာနေ့တွင် ဖုန်းခေါ်ဆိုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သောကြာနေ့ ဖုန်းခေါ်ဆိုမှုအပြီးတွင် ရုရှားထိပ်တန်း သံတမန်တစ်ဦးက “မတော်မဆမှုတွေ မဖြစ်အောင် နားလည်မှုလွဲမှားတာတွေကို ရှင်းထုတ်ပစ်ရမယ်” ဟု ပြောကြားခဲ့သည်။

“သူတို့ဟာ လျင်မြန်စွာ ဆိုးရွားလာတဲ့ ယူကရိန်းရှိ အခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဆီဘက်ရှန် လီကော်နျူနှင့် ရှိုင်ဂူ ၏ ဖုန်းခေါ်ဆိုမှု နှင့်ပတ်သက်၍ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရှိုင်ဂူ သည် တုကီယေးကာကွယ်ရေးဝန်ကြီး ဟူလူစီ အက်ကာနှင့် ဗြိတိန်ဝန်ကြီး ဘင်ဝေါလက်စ် တို့နှင့်လည်း သီးခြားစီ စကားပြောဆိုခဲ့သည်။

အဆိုပါ စကားပြောဆိုမှုများမှ အပြုသဘောဆောင်သော ရလဒ်များထွက်ပေါ်ခဲ့သည်ဟူသော မည်သည့် အရိပ်အယောင်မျှ ရုရှားဘက်က ပြသခဲ့ခြင်း မရှိပေ။

သို့ရာတွင် ထိုဖုန်းခေါ်ဆိုမှုများမှာ ရုရှားနှင့် အမေရိကန် ဦးဆောင်သော နေတိုးမဟာမိတ်အဖွဲ့ဝင်များသည် နျူကလီးယား အသုံးပြုနိုင်ချေ များလာနိုင်သည်နှင့် ပတ်သက်၍ နိုင်ငံတကာ စိုးရိမ်မှုများ လာချိန်တွင် ၎င်းတို့ကြား၌တက်ကြွစွာ ပုံမှန်ဆက်သွယ်နေကြောင်း ပြသခဲ့သည်။

ယူကရိန်းစစ်ပွဲကို ငြိမ်းချမ်းစွာဖြေရှင်းလိုသည့် ပြင်သစ်၏ ဆန္ဒကို ထပ်မံအတည်ပြုခဲ့ပြီး ပါရီသည် ပြင်းထန်လာသော မည်သည့် တင်းမာမှုထဲမဆို ဆွဲသွင်းခံမည် မဟုတ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

အနောက်နိုင်ငံများက ပဋိပက္ခကို ပိုမိုဆိုးရွားစေရန်အတွက် ကိယက်ဗ်အစိုးရ ချမှတ်နေသော အစီအစဉ်ကို ကူညီဆောင်ရွက်ပေးနေသည်ဟူသော ရှိုင်ဂူ၏ ပြောဆိုချက်ကို ဝေါလက်စ်က ငြင်းဆန်ခဲ့သည်ဟု ဗြိတိန်က ဆိုသည်။

ယူကရိန်းသည် ရေဒီယို သတ္တိကြွပစ္စည်းများ ထည့်သွင်းထားသည့်  ဗုံးတစ်လုံးကို ဖောက်ခွဲနိုင်သည်ဟူသော မော်စကို၏ စိုးရိမ်မှုကို ပြင်သစ်၊ တုကီယေးနှင့် ဗြိတိန်တို့ထံ ပြောပြခဲ့သည်ဟု ရှိုင်ဂူ၏ ဝန်ကြီးဌာနက ဆိုသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here