အူလမ်းကြောင်းတွင်းရှိ ဘက်တီးရီးယားက ဆေးလိပ်ကြောင့်ဖြစ်သော နီကိုတင်းကို ချေဖျက်ကျဆင်းစေကြောင်း လေ့လာတွေ့ရှိ

0
396

တရုတ်သိပ္ပံပညာရှင်များနှင့် ၎င်းတို့၏အမေရိကန်လုပ်ဖော်ကိုင်ဖက်များ၏ လေ့လာမှုတစ်ခုအရ အူလမ်းကြောင်းတွင်းရှိ ဘက်တီးရီးယားတစ်မျိုးသည် ဆေးလိပ်ကြောင့်ကပ်ငြိလာသော နီကိုတင်းဓာတ်ကို ထိရောက်စွာ ချေဖျက်ပေးနိုင်သည့် ဓာတ်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။

အဆိုပါအူလမ်းကြောင်းဘက်တီးရီးယားများဖြင့် နီကိုတင်းဓာတ်ထည်သွင်းပေးထားသည့် ကြွက်များတွင်စမ်းသပ်ရာ အူလမ်းကြောင်းဆိုင်ရာ နီကိုတင်းပါဝင်မှုကို လျှော့ချနိုင်ခဲ့ကြောင်း Nature ဂျာနယ်တွင် ဖော်ပြထားသော နောက်ဆုံးလေ့လာမှုတစ်ခုအရ သိရသည်။

ပေကျင်းတက္ကသိုလ်၊ ကျဲကျန်းတက္ကသိုလ်၊ ဖူဒန်တက္ကသိုလ်၊ ဝမ်ကျိုး ဆေးဘက်ဆိုင်ရာ တက္ကသိုလ်နှင့် US National Institutes of Health တို့မှ သုတေသီများက Bacteroides Xylanisolvens သည် ဆေးလိပ်သောက်သူများ၏ အူလမ်းကြောင်းတွင် စုစည်းကပ်ငြိနေသော နီကိုတင်းဓာတ်ကို ကျဆင်းစေနိုင်ကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here