၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၏ ပထမနှစ်(ပထမနှစ်ဝက်)နေ့သင်တန်းများအား နိုဝင်ဘာ ၂၁ ရက်၌စတင်ဖွင့်လှစ်မည်

0
405

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များတွင် ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်)နေ့သင် တန်းများအား နိုဝင်ဘာ ၂၁ ရက်၌ စတင်ဖွင့်လှစ်သွားမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနကထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့်ဒုတိယနှစ်မှမဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအား လုံးကိုလည်း နိုဝင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်သင် ကြားပေးသွားမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက အသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here