မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ၆၅၂ တွဲရောင်းချခဲ့ရ

0
251

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ ခုနှစ်၊နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ၆၅၂ တွဲအားရောင်းချပေးခဲ့ကြောင်း သိရသည်။

ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့်ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက လေ့လာကြည့်ရှုကြသည်။

ထို့ပြင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၇၅၁ မှအတွဲအမှတ် ၁၅၀၀ အထိ ကျောက်မျက်အတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက ဈေးနှုန်းတင်သွင်းလွှာများအား တင်ဒါပုံးများအ တွင်းထည့်သွင်းပြီး တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲ ၆၅၂ တွဲအား ရောင်းချပေးခဲ့ကြသည်။

ပြပွဲ၏ ပဥ္စမနေ့တွင်လည်း ကျောက်စိမ်းအတွဲ ၆၆၅ တွဲအားရောင်းချပေးခဲ့ရပြီးဖြစ်၍ ကျောက် စိမ်းအတွဲပေါင်း ၁၃၁၇ တွဲ ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်သည်။

ပြပွဲနောက်ဆုံးနေ့ဖြစ်သည့် အောက်တိုဘာ ၂၅ ရက်(ယနေ့)တွင်လည်း ကျန်ရှိသည့် ကျောက်စိမ်းအတွဲ ၁၅၀၁ မှ ၂၁၀၀ အထိအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ပြည်ပရတနာကုန် သည်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။

ပြပွဲ၌ ပုလဲအတွဲပေါင်း ၃၆၂ တွဲ၊ကျောက်မျက်အတွဲ ၅၅ တွဲနှင့်ကျောက်စိမ်းအတွဲ ၁၃၁၇ တွဲအားရောင်းချပေးထားခဲ့ပြီးဖြစ်ကာ ငွေပေးချေရာတွင်လည်း အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ်၊ ကျပ်ငွေတို့ဖြင့် ပေးချေနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here