စက်တပ်ဆင်အင်အား (၅၁)မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်း မျှလျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၂၆၇)သန်းထုတ်လုပ်ပေးနိုင်မည့် ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း ၂၀၂၅ ခုနှစ်တွင်ပြီးစီးမည်

0
515

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကျိုင်းတောင်းမြို့ အနောက်တောင်ဘက်(၁၄)မိုင်ခန့်အကွာ၊နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အ ထည်ဖော်ရေးဦးစီးဌာန၊အမှတ်(၅)တည်ဆောက်ရေးမှ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းကို ဖော်ဆောင်လျက်ရှိသည်။

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ၏ ပင်မရေလှောင်တမံမှာ အလျား(၁၈၀၀)ပေ၊အမြင့်(၂၃၀)ပေရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တ မံဖြစ်ပြီး ကန်ရေပြည့်ရေသိုလှောင်ပမာဏ (၁၀၄၀၀၀)ဧကပေရှိကာ စက်တပ်ဆင်အင်အား (၁၇)မဂ္ဂါဝပ်ရှိ စက်(၃)လုံး စုစုပေါင်း စက်တပ်ဆင်အင်အား(၅၁)မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှလျှပ် စစ် ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း(၂၆၇) သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်၌ စီမံကိန်းသည် (၇၂ ဒသမ၂၀) ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကာ ၂၀၂၂-၂၀၂၃ ဘ ဏ္ဍာရေးနှစ်ကုန်ဆုံးပါက(၇၆ ဒသမ ၅၇)ရာခိုင် နှုန်းခန့် ပြီးစီးမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊မတ်လတွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းဆောင်ရွက်နေမှုအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က အောက်တိုဘာ ၂၃ ရက်ကတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

စီမံကိန်းရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ် အ ကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဟိန်းထက်နှင့်အမှတ်(၅)တည်ဆောက်ရေး ညွှန်ကြားရေးမှူးတို့က စီမံကိန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

နိုင်ငံ၏ သဘာဝအရင်းအမြစ်များရရှိမှုအပေါ်အခြေခံ၍ စီးပွားရေးအရတွက်ချေကိုက်ပြီး သ ဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ကို ထိ ခိုက်မှုအနည်းဆုံးဖြစ်စေမည့် ရေအားလျှပ်စစ်စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင် အထည်ဖော်ဆောင်ရွက်သွားရမည်ဟု ပြည် ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။

“လျှပ်စစ်မီးရလာရင် စီးပွားရေးလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အပြင် ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရပြီး လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပင်မတမံ တည်ဆောက်ခြင်းပြီးစီးမှု၊ပင်မရေပိုလွှဲလုပ်ငန်း တည်ဆောက်ခြင်းဆောင်ရွက်မှု၊ရေယူအဆောက် အအုံကျောက်သားနံရံခိုင်ခန့်မှုလုပ်ငန်းဆောင် ရွက်ပြီးစီးမှု၊ရေထိန်းတံခါးပြွန်တည်ဆောက်ပြီး စီးနေမှု၊ရေသွယ်ဥမင်လိုဏ်၊ရေထိန်းတံခါးပြွန်နှင့် ဖိအားမြင့် သံမဏိပိုက်လိုင်း Structure ကွန်ကရစ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများနှင့်လက် ရှိကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံ တော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here