အွန်လိုင်းတွင်ပျံ့နှံ့နေသည့် အိမ်ခြံမြေပိုင်ဆိုင်မှု ဥပဒေနှင့်ပတ်သက်သည့်  အမိန့်ကြေညာချက်မှာ အတုသာဖြစ်

0
338

လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် အိမ်ခြံမြေ ပိုင်ဆိုင်မှု ဥပဒေ ဆိုသည့် အမိန့်စာမှာ အတုသာဖြစ်​ကြောင်း သိရသည်။

“​ကြေငြာချက်အတုဖြစ်​ပါတယ်။ ရွှေစျေးဆွဲတင်ပြီး ဒေါ် လာမကျအောင် လုပ်တယ်လို့ ယူဆရပါတယ်။ ဒေါ်လာပိုက်ဘောမိထားတဲ့သူတွေ လေပတ်ကားတွေ လုပ်တယ်လို့ယူဆပါတယ်”ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ထုတ်ပြန်ကြေငြာချက်အတုတွင်  လက်ရှိ ခြံ၊မြေ၊ကားစျေးကွက် မတည်ငြိမ်မှုနှင့်နောက်ကွယ်တွင်အခွန်မ‌ဆောင်ဘဲရောင်းဝယ်သူများအား  စနစ်တ ကျစုံစမ်းပြီး တစ်အိမ်ထောင်လျှင် ကား၊မြေတစ်ခုထက်ပို၍ ပိုင်ဆိုင်နေသူများအား အခွန်များပြန် လည်စစ်ဆေးပြီး ဝယ်ရောင်းအခွန်ပေးဆောင်ခြင်း မတွေ့ရှိပါက လက်ဝယ်တွင်ပိုင်ဆိုင်သည့် ကားနှင့်မြေများအား အခွန်ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဟု ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here