စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းတစ်ပိဿာ ၄၁၇၅ ကျပ်သတ်မှတ်ထားသော် လည်း ပြင်ပ၌တစ်ပိဿာလျင် ၉၀၀၀ ကျပ်ဝန်းမြင့်တက်နေ

0
201

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အောက်တိုဘာ ၂၅ ရက်မှ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၁၇၅ ကျပ် ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပြင်ပ၌ရောင်းချနေသည့် လက်လီ၊လက်ကားဆိုင်များတွင် စားအုန်းဆီတစ်ပိဿာလျင် ငွေကျပ် ၉၀၀၀ ဝန်းကျင်မြင့်တက်လာကြောင်း သိရသည်။

“ဝယ်ရင်းစျေးကိုကများတဲ့အတွက် ကျွန်မတို့ကလည်း လက်လီလာဝယ်တဲ့သူတွေကို အမြတ်နည်းနည်းတင်ပြီးရောင်းရတာပေါ့ ဒီနေ့ဆိုရင် ကျွန်မတို့ဝယ်ရတာ ၉၀၀၀ နီးပါးလောက်ရှိတယ်”ဟု ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်း ဖြစ်ပေါ်မှုများအရ တစ်ပိဿာလျင် ၄၁၇၅ ကျပ်အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီတင်သွင်းရာတွင် ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရန် ထိန်းသိမ်းစောင့်ကြည့်လျက်ရှိသည်။

ထိုသို့ပြုလုပ်ရာ၌ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဥ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခစရိတ်များ၊ဘဏ်စရိတ်များ၊အခွန်အခများအားထည့် သွင်းတွက်ချက်၍ ပြည်တွင်း၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့်မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါကလည်း အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here