မန္တလေး ဦးပွားဂုံးအနောက်ဘက်ရှိ အောင်ဇေ Second ဖုန်းအရောင်းဆိုင် အနုကြမ်းစီးလုယက်ခံရ ၊ ဖုန်း အလုံး (၁၅၀) ဝန်းကျင် ပါသွား

0
594

မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ အောင်ဇေ Second ဖုန်း အရောင်းဆိုင် အနုကြမ်းစီး လုယက်ခံရပြီး တန်ဖိုးမြင့်ဖုန်း အလုံးရေ (၁၅၀) ဝန်းကျင်ပါသွားကြောင်း သိရသ ည်။

ယနေ့ အောက်တိုဘာ (၂၅) ရက် နေ့လည် ၂ နာရီဝန်းကျင်က လူ (၉) ဦးက ဓားများ ကိုင်ဆောင်ကာ ဆိုင်အတွင်း ဝင်ရောက် အနုကြမ်းဆီး လုယက်သွားခြင်းဖြစ်ကြောင်း အောင်ဇေ ဖုန်းဆိုင်ပိုင်ရှင် ကိုအောင်ဇေက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

အဆိုပါ အနုကြမ်းစီး လုယက်မှုဖြစ်ပွားရာနေရာသည် လူစည်ကားရာနေရာဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် ၊ ဦးပွားဂုံးအနောက်ဘက်ခြမ်းရှိ ဘုရားကြီးတောင်ဘက်မုဒ်အနီးတွင် တည်ရှိကြောင်း သိရသည်။

လုယက်မှုကြောင့် ကာလတန်ဖိုး အနိမ့်ဆုံး (၂) သိန်းကျပ်တန်မှ (၂၅) သိန်း ဝန်းကျင် တန်ဖိုးရှိ ဖုန်းအလုံးရေ (၁၅၀) ဝန်းကျင် ပါသွားကြောင်း ကိုအောင်ဇေက ပြောသည်။

” ၁ နာရီ ၅၅ မိနစ် လောက်က ဖြစ်သွားတာ။ အလုံးရေက တော့ ၁၅၀ လောက် ပါသွားတာပေါ့နော်။ (၂)သိန်းတန် အ နည်းဆုံးပါသွားတာပေါ့နော်။13 ProMax တွေ(၂၀)ကျော်တန်တွေရောပေါ့။ လောလောဆယ်တော့ စာရင်းတော့ မလုပ်ရသေးဘူး။ ၁၀၀/၁၅၀ လောက်တော့ ပါသွားတယ်” ဟု ကိုအောင်ဇေက ပြောသည်။

အဆိုပါ အနုကြမ်းစီးမှုကြောင့် ကာလတန်ဖိုးအရ သိန်းရာနှင့်ချီ ဆုံးရှုံးရနိုင်ပြီး ဆိုင်အတွင်းရှိ ဖုန်းအားလုံးနီးပါးကို ယူဆောင်သွားခြင်းဖြစ်ကြောင်းလည်း အနုကြမ်းစီးခံရသည့် ဖုန်းဆိုင် အနီးပတ်ဝန်းကျင်မှ ဒေသခံများထံက သိရသည်။

” အကုန်လုံးနီးပါး ပါသွားတယ်ကြားတယ်။ ရာနဲ့ချီမှာပေါ့ ။ ကာလပေါက်ဈေးနဲ့ဆို ။ ကချင်မှတောင် ကမယ်။ ဆိုင်ထဲက ကောင်လေးကိုလည်း ထိုးကြိတ်သွားကြတယ်” ဟု အနီးပတ်ဝန်းကျင်မှ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ အနုကြမ်းစီး လုယက်မှုဖြစ်စဉ်တွင် ကျူးလွန်သူ များသည် ဓားများ ကိုင်ဆောင်ထားပြီး ဆိုင်ဝန်ထမ်းအ မျိုးသားတစ်ဦး၏ မျက်နှာအား လက်သီးဖြင့် ထိုးကြိတ်ကာ ရန်ပြုတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆိုပါ အနုကြမ်းစီး လုယက်မှုအတွက် သက်ဆိုင်ရာသို့ တိုင်ကြားကာ အမှုဖွင့်နိုင်ရန် စီစဉ်နေကြော င်း ကိုအောင်ဇေက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here