ပုသိမ်ကြီးမြို့နယ်ရှိ အိုးအိမ်ဝန်ထမ်းအိမ်ယာတွင် မိုင်းပေါက်ကွဲခဲ့ ၂ ဦးဒဏ်ရာရ

0
242

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊နန်းဦးလွင်ကျေး ရွာအုပ်စု၊ကန်ကောက်အရှေ့ကျေးရွာရှိ အိုးအိမ်ဝန်ထမ်းအိမ်ယာတွင် အောက်တိုဘာ ၂၄ ရက်ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီခွဲကျော်ခန့်က ကန်ကောက်အ ရှေ့ကျေးရွာရှိ အိုးအိမ်ဝန်ထမ်းအိမ်ယာတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံ ရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

“မိုင်းပေါက်ကွဲတဲ့နေရာက ဘယ်နေရာမှာလဲဆိုတာတော့ သေချာမသိဘူး ပေါက်ကွဲမှုဖြစ်ပြီးတာနဲ့ချက်ခြင်း စစ်သားတွေ ရဲတွေရောက်လာပြီး စစ် ဆေးနေကြတာ လူနာတင်ကားတွေရောက်လာတဲ့အသံလည်းကြားတယ်”ဟု ဝန်ထမ်းအိမ်ယာအနီးနေသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်တွင် ဝန်ထမ်းအမျိုးသားတစ်ဦးနှင့်အမျိုး သမီးတစ်ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here