ဟင်နရီ ကာဗီးလ်သည် စူပါမင်းအဖြစ် ပြန်လာမည်ဟု အတည်ပြု

0
236

ဗြိတိန်သရုပ်ဆောင် ဟင်နရီ ကာဗီးလ်သည် ဒီစီ ကာတွန်း ရုပ်ရှင်လောကတွင် လူသိများသော စူပါမင်း ခေါ် ကလာ့ခ်ကန့် ဇာတ်ကောင်အဖြစ် ပြန်လည် ပါဝင်လာမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ပြီးခဲ့သည့် အပတ်က ထွက်ရှိခဲ့သော ဒဝိန်း ဂျွန်ဆင် ခေါ် ဒရော့ခ် ပါဝင်သရုပ်ဆောင်ထားသော ဒီစီ စူပါဟီးရိုး ရုပ်ရှင်အသစ်ဖြစ်သည့် ဘလက်ခ် အာဒံ၏ အဆုံးပိုင်းတွင် ကာဗီးလ်သည် ဧည့်သည်သရုပ်ဆောင်အဖြစ် စူပါမင်းဝတ်ရုံ ဝတ်ဆင်၍ ပါဝင်လာပြီးနောက်ပိုင်း အဆိုပါ စိတ်လှုပ်ရှားဖွယ်ရာ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

အင်စတာဂရမ်၌ တင်ထားသော ပို့စ်တစ်ခုတွင် ကာဗီးလ်သည် ၎င်း၏ ဖော်လိုဝါများအား တိုက်ရိုက် ရည်ညွှန်းပြောဆိုထားသည့် ဆယ်ဖီ ဗီဒီယိုတစ်ပုဒ် မတိုင်မီ စူပါမင်းဝတ်ရုံ ဝတ်ဆင်၍ ရိုက်ကူးထားသော ပရိုဖိုင်ပုံတစ်ပုံကို မျှဝေခဲ့သည်။

သူပြန်လာရသည့် အကြောင်းရင်းကိုမပြောခင် လူတွေအားလုံး ဘလက်ခ် အာဒံ ကို ကြည့်ပြီးသည်အထိ စောင့်ချင်ခဲ့သည်ဟု ဆိုကာ ဗီဒီယိုကို စတင်ခဲ့သည်။

“ဒါပေမယ့် အခု လူတော်တော်များများ အဲရုပ်ရှင်ကို ကြည့်ပြီးပြီဆိုတော့ အဲကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် ပြောချင်ပါတယ်၊ ကျွန်တော် စူပါမင်းအနေနဲ့ ပြန်လာပါပြီ” ဟု ကာဗီးလ်က ပြောကြားခဲ့သည်။

ကားဗီးလ်သည် ၎င်း၏ ပရိသတ်အားလုံးကိုလည်း စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် စောင့်ရကျိုးနပ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

ကာဗီးလ် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ထားသော ဘလက်ခ် အာဒံ၏ ပထမဆုံး ပွဲဦးထွက် အပတ် ရုံတင်ငွေသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၆၇ သန်းရရှိခဲ့ပြီး ပြည်တွင်း လက်မှတ်ရုံတွင် နံပါတ် ၁ အဖြစ် ရပ်တည်လျက်ရှိသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here