ဒဂုံမြောက်ပိုင်းတွင် ၂ ထပ်အိမ်တစ်လုံး မီးလောင်

0
208

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊(၄၄)ရပ်ကွက်တွင် အောက်တို ဘာ ၂၅ ရက်(ယနေ့)ညနေပိုင်းက ၂ ထပ်နေအိမ်တစ်လုံး နာရီဝက်ကျော်ကြာမီး လောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့ညနေ ၅ နာရီ ၃၅ မိနစ်ခန့်က (၄၄) ရပ်ကွက်၊ ရွှေစင်(၈)လမ်းတွင် ၂ ထပ်နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်း၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းနှင့်နာရေးကူညီမှုအသင်း(ရန်ကုန်)သီးသန့်မီးသတ်တပ်ဖွဲ့မှ ဝိုင်း ဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်မှုကြောင့် ည ၆ နာရီ ၃ မိနစ်၌ မီးထိန်းနိုင်ခဲ့ကာ ည ၆ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်း ရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here