ဒေါ်လာဈေး ဆွဲတင်ရန် ကြိုးစားမှုများ ရှိနေသော်လည်း လက်ရှိတွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိ

0
289

ပြည်တွင်းရှိ နိုင်ငံခြားငွေဈေးကွက်တွင် ဒေါ်လာဈေးမတည်မငြိမ်ဖြစ်စေရန် ကောလာဟလသတင်းများ ဖြန့်ကာ ဒေါ်လာဈေးဆွဲတင်ရန် ကြိုးပမ်းမှုများ ရှိနေသော် လည်း လက်ရှိတွင် ဒေါ်လာဈေးကွက်မှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

FATF ထုတ်ပြန်ခဲ့သည့်သတင်း ဂယက်ကြောင့် အနည်းငယ်လှုပ်ခတ်ခဲ့သည့် ဒေါ်လာဈေးကွက်ကို မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတုများ ၊ ကောလာဟလများ ဖြန့်ဝေမှုများ ရှိနေခြင်း ဖြစ်သည်။

ယင်းသို့ လုပ်ဆောင်နေသော်လည်း ငွေကြေးဈေးကွက်အတွင်း အပြောင်းအလဲ သိသိသာသာ မဖြစ်ဘဲ တည်ငြိမ်လျက်ရှိကြောင်း ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူ အချို့ထံက သိရသည်။

” မတက်ပါဘူး။ ပုံမှန်ပါပဲ။ ဈေးငြိမ်တယ် ပြောရမှာပေါ့။ အရင်ရက်က နည်းနည်းပါးပါး တက်တာပဲရှိတယ်။ ကောလာဟလဖြန့်တဲ့သူတွေကတော့ ဖြန့်နေကြတာပေါ့။ ဒါ ပေမဲ့ ဘာမှထူးထူးခြားခြား မရှိပါဘူး ” ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာ (၂၅) ရက် နံနက်ပိုင်းတွင် အိမ်၊ခြံ၊မြေ ပိုင်ဆိုင်မှု ဥပဒေနှင့် ပတ်သက်၍ ကောလာဟလ  သ တင်းများ ဖြန့်ဝေမှု ရှိခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခြင်းမှာ ငွေကြေးဈေးကွက် လှုပ်ကာ  ဒေါ်လာဈေးမြင့်လာစေရန် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ယနေ့ အောက်တိုဘာ (၂၅) ရက် ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ပေါက်ဈေးမှာ တစ်ဒေါ်လာလျင် ၃၀၂၀ ကျပ်ဝန်းကျင်ဖြစ်ပြီး ယခင်ရက် ဈေးနှုန်းနှင့် ကွာဟမှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၂၉၅၀  နှင့် ၃၀၀၀ ကျပ် ဝန်းကျင် အရောင်းအဝယ်ဖြစ်နေခြင်းဖြစ်ပြီး အလေးထားစိစစ်ခြင်းကို တိုးမြှင့်လုပ်ဆောင်မည်ဟု FATF က​ကြေငြာသည့် ညပိုင်းတွင် ဒေါ်လာဈေး အဆမ တန် မြင့်တက်နေကြောင်း သတင်းမီဒီယာအချို့က ဖော်ပြမှုများရှိခဲ့သော်လည်း မြေပြင်တွင် ၃၀၀၀ ကျပ်ဝန်းကျင်သာ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

Visa Master Card တွေမှာ ​ဒေါ်လာရှိနေရင် အမြန်သုံးကြပါ ၊အပိတ်ခံရ​တော့မည်ဆိုသည့် သတင်း​တွေ ထွက်​​ပေါ်​နေမူကို ပေါ်ပြူလာနယူးစ်က ဘဏ်အချို့သို့စုံစမ်းကြည့်ရာ ​နောက်​ပြောင်တာ၊​လျှောက်​ပြောတဲ့​ကောလာဟလ သာဖြစ်ပါလိမ့်မယ်၊သတင်းမမှန်ပါဟု​ဖြေသည်။

လက်ရှိတွင် ဒေါ်လာဈေး ကမောက်ကမဖြစ်ရန် လုပ်ဆောင်နေသူများမှာ ဒေါ်လာအမြောက်အများ ပိုက်ဘောမိထားသူများနှင့် လေပတ်ကားသမားများ၏ လုပ်ဆောင်မှု ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

နစက အနေဖြင့် ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်တည် ငြိမ်မှုရှိစေရန် ဆောင်ရွက်နေပြီး ဈေးကစားခြင်း၊ ဈေးနှုန်းမတည်မငြိမ်ဖြစ်ပေါ်စေရန် လုပ်ဆောင်ခြင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဗဟိုဘဏ်မှတဆင့် ပြီးခဲ့သည့် ရက်ပိုင်းက ထပ်မံကြေညာထားသည်။

လက်ရှိတွင် ဗဟိုဘဏ်က ရည်ညွှန်းသတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျင် ၂၁၀၀ ကျပ် ဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးနှင့် ၁၀၀၀ ကျပ် ဝန်းကျင် ကွာဟနေဆဲ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here