ကူမင်းတိရစ္ဆာန်ရုံမှ ပန်ဒါနီလေးတစ်ကောင်လွတ်လာပြီး ယူနန်တက္ကသိုလ်ထဲရောက်သွား

0
262

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းတိရစ္ဆာန်ရုံမှ ပင်ဒါနီလေးတစ်ကောင်သည် ဝန်ထမ်းများမသိလိုက်ပဲ တိရစ္ဆာန်ရုံတွင်းမှ လွတ်လာခဲ့ပြီးနောက်၊ တိရစ္ဆာန်ရုံနှင့် မျက်နှာချင်း ဆိုင်ရှိ ယူနန်တက္ကသိုလ်တွင်းသို့ဝင်ရောက်သွားခဲ့ရာ ကျောင်းသားများက တွေ့ရှိသဖြင့် တိရစ္ဆာန်ရုံသို့ ပြန်လည်ပေးပို့ခဲ့သည်။

အဆိုပါ ပန်ဒါနီလေးသည် ယူနန်တက္ကသိုလ်ကျောင်းသားများနေထိုင်သည့် အဆောင်တစ်ဆောင်တွင်းသို့ ပြီးခဲ့သည့် ကြာသပတေးနေ့က ဝင်ရောက်ခဲ့ပြီးနောက်၊ အဆောင်၏ အဝတ်လျှော်ခန်းအတွင်းသို့ နောက်ဆုံးရောက်ရှိသွားကာ၊ အဝတ်လျှော်စက်တစ်ခုပေါ်တွင် မလှုပ်မယှက်လှဲလျောင်းနေရာမှ ကျောင်းသားများက တွေ့ရှိသွားခြင်းဖြစ်သည်။

ပန်ဒါနီလေးကို ကျောင်းသားများက ဖုန်းဖြင့် အမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ယင်းပန်ဒါနီလေး တိရစ္ဆာန်ရုံတွင်းမှ မည်သို့လွတ်မြောက်သွားသည်ကို စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here