မြန်မာ့ကျောက်မျက်ရတနာပြပွဲ နောက်ဆုံးနေ့တွင် ကျောက်စိမ်းအတွဲ ၅၁၉ တွဲရောင်းချခဲ့ရ

0
181

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ ခုနှစ်၊နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နောက်ဆုံးနေ့တွင် ကျောက်စိမ်းအတွဲ ၅၁၉ တွဲရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့်ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက လေ့လာကြည့်ရှုကြသည်။

ထို့ပြင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၁၅၀၁ မှအတွဲအမှတ် ၂၁၅၀ အထိ ကျောက်မျက်အတွဲများကို ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက ဈေးနှုန်းတင်သွင်းလွှာများအား တင်ဒါပုံးများအတွင်းထည့်သွင်းပြီး တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲ ၅၁၉ တွဲအား ရောင်းချပေးခဲ့ကြသည်။

ပြပွဲတွင် ပြည်တွင်း၊ပြည်ပရတနာကုန်သည် ၂၉၆၀ ဦးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၆၂ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၅၅ တွဲ၊ ကျောက်စိမ်းအတွဲ ၁၈၃၆ တွဲတို့အား ရောင်း ချပေးနိုင်ခဲ့ပြီး ငွေပေးချေရာတွင်လည်း အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ်၊ ကျပ်ငွေတို့ဖြင့် ပေးချေနိုင်ကြောင်း သိရသည်။

ပြည်တွင်း၊ပြည်ပ ရတနာကုန်သည်များအနေဖြင့် ပြပွဲတွင်ဝယ်ယူခွင့်ရရှိခဲ့သည့် ကျောက်အတွဲများအတွက် တန်ဖိုးငွေများကို အရောင်းအဝယ်စာ ချုပ်တွင် သတ်မှတ်ထားသော ရက်ပေါင်း(၆၀) အတွင်း ပေသွင်းရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here