ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ကားတိမ်းမှောက်၍ ၃ ဦးသေဆုံးကာ ၁၄ ဦးဒဏ် ရာရ

0
301

နေပြည်တော်၊တပ်ကုန်းမြို့နယ်ရှိ ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီးတွင် အောက်တိုဘာ ၂၆ ရက်(ယနေ့)နံနက်ပိုင်းက ခရီးသည်တင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် အ မျိုးသား ၃ ဦးသေဆုံးကာ ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့နံနက် ၆ နာရီခွဲက တပ်ကုန်းမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် (၂၂၈/၂)နှင့်(၂၂၈/၃)ကြားတွင် ခရီးသည်တင် (Express)ကား ၁ စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။

ဖြစ်စဥ်အား ပလွေးအမြန်လမ်းမီးသတ်စခန်း၊ပန်းတင်အမြန်လမ်းမီးသတ်စခန်းနှင့်ဘုရားတောင်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊သက် ဆိုင်ရာအပိုင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက် အမျိုးသား ၃ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ခရီးသည် အမျိုးသား ၁၀ ဦးနှင့်အမျိုးသ မီး ၄ ဦး(စုစုပေါင်း ၁၄ ဦး)တို့တွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူများ၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား သုခဒါနပရဟိတအသင်း၊မေတ္တာရေစင်တောင်ညိုပရဟိတအသင်းနှင့်အမြန်လမ်းမကြီးပိုင်လူနာတင်ကားတို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here