ရွှေပြည်သာတွင် YBS နှင့် စက်ဘီးတိုက်မိပြီး စက်ဘီးစီးလာသည့်အမျိုးသမီးသေဆုံး၊ မိသားစုဝင်များနှင့်အဆက်အသွယ်မရသေး

0
499

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊ ၃ ရပ်ကွက်ရှိ ငွေလမ်းသွယ်ထိပ်တွင် အောက်တိုဘာ ၂၆ ရက် (ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ သိရသည်။

ယနေ့နံနက် ၉ နာရီကျော်ခန့်က ဗိုလ်ချုပ်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် YBS 65 ခရီး သည်တင်ကားသည် ငွေလမ်းသွယ်ထိပ်အရောက် လမ်းအတွင်းမှ အသက်(၃၅)နှစ်အရွယ်ခန့်ရှိ အ မျိုးသမီးတစ်ဦး စီးနင်းထွက်ခွာလာသည့် စက်ဘီးနှင့်တိုက်မိခဲ့ကြောင်း သိရသည်။

“သတင်းရတာနဲ့ချက်ခြင်းသွားပြီးကူညီပေးခဲ့ပါတယ် ဒဏ်ရာရသွားလို့ အင်းစိန်ဆေးရုံကိုပို့ပေးခဲ့တယ် ဆေးကုနေရင်းသေဆုံးသွားတာပါ လက်ရှိအချိန်အထိ သူ့မိသားစုဝင်တွေနဲ့အဆက်အသွယ်မရသေးဘူး စုံစမ်းနေတုန်းပါပဲ”ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ ကိုဇော်ကြီးကပြော သည်။

ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် YBS 65 မောင်းနှင်သူမှာ ထွက်ပြေးခြင်းမရှိခဲ့ဘဲ ဒဏ်ရာရရှိသူအ မျိုးသမီးအား လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ပြီး သေဆုံးသူအမျိုးသမီးနှင့်ပတ်သက်၍ အဆက် အသွယ်ရရှိရန် တာဝန်ရှိသူများက စုံစမ်းလျက်ရှိကြောင်း သိရသည်။

“လတ်တလော သေဆုံးသွားတဲ့အမျိုးသမီးနဲ့ပတ် သက်ပြီး အဆက်အသွယ်ဘယ်ကမှမရသေးဘူး လိုက်စုံစမ်းနေပါတယ် သူ့မှာ ပိုက်ဆံအိတ်နဲ့ပိုက် ဆံအနည်းအကျဥ်းပါတယ် သူနဲ့ရင်းနှီးတဲ့လူတွေရှိရင် အမြန်ဆက်သွယ်စေချင်ပါတယ်”ဟု ကိုဇော်ကြီးကပြောသည်။

Photo-လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here