ဂျပန်သည် အလုံးစုံအာဏာရှိသော ရှီနှင့် သံတမန်ဆက်ဆံရေးအား အာရုံစိုက်လျက်ရှိ

0
183

တိုကျို၊အောက်တိုဘာ ၂၅

ဂျပန်သည် တရုတ်ခေါင်းဆောင်ရှီက တတိယအကြိမ်မြောက် ရာထူးကိုရယူခဲ့ပြီး‌နောက်တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တိုက်ရိုက်ဆက်သွယ်မှုကိုအာရုံစိုက်၍ သံတမန်ရေးရာချဉ်းကပ်မှုကို ပြန်လည်ဦးတည်နေကြောင်းသိရှိရသည်။

တရုတ်သမ္မတရှီ၏ အာဏာဆက်လက်တည်မြဲနေမှုကြောင့် ထိပ်တန်းအဆင့်ဆက်ဆံရေးသည် ပိုမိုအရေးကြီးလာမည်ဖြစ်ကာ အထူးသဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို ဦးဆောင်ရန် မျှော်လင့်ထားသည့် တင်းမာရန်လိုတတ်သော မစ္စတာဝမ်ယိနှင့်ဆက်ဆံရေးသည်ပိုမိုအရေးပါလာမည်ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါသည် ပေကျင်းနှင့် “အပြုသဘောဆောင်ပြီး တည်ငြိမ်သော” ဆက်ဆံရေးကို တည်ဆောက်ရန် အလေးပေးပြောကြားခဲ့သည်။လာမည့်လတွင် အင်ဒိုနီးရှားကျင်းပမည့် G – 20 အစည်းအဝေးအပါအဝင် နိုင်ငံတကာဖိုရမ်များသည် ထိပ်သီးအစည်းအဝေးများအတွက် အခွင့်အလမ်းများကိုပေးဆောင်မည်ဖြစ်သည်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေးလက်ထက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ပေကျင်းရှိသမ္မတရှီကျင့်ဖျင်ထံသို့ လာရောက်ခဲ့ပြီးကတည်းက ဂျပန်နှင့်တရုတ်ခေါင်းဆောင်များသည် သုံးနှစ်နီးပါး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ခြင်းမရှိကြတော့ပေ။သို့သော်လည်း ရှီနှင့်ကီရှီဒါတို့သည် အဆက်အသွယ်ရှိခဲ့သည်။

ဩဂုတ်လတွင် ဂျပန်ဝန်ကြီးချုပ်သည် ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အမြန်သက်သာစေရန်ဆုတောင်းထားသော ကြေးနန်းတစ်စောင်ကို တရုတ်သမ္မတရှီကပေးပို့ခဲ့သည်။ စက်တင်ဘာလအစောပိုင်းက တရုတ်နိုင်ငံစီချွမ်ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ကီရှီဒါကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

စက်တင်ဘာ ၂၉ ရက်က သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်နေ့ကလည်း တိုကျိုနှင့် ပေကျင်း နှစ်နိုင်ငံခေါင်းဆောင်များသည် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ဖလှယ်ခဲ့ကြသည်။

ယခုနိုင်ငံခြားရေးဝန်ကြီး ဝမ်သည် တရုတ်နိုင်ငံ၏ သံတမန်ခေါင်းဆောင်ဖြစ်လာနိုင်ပြီး ဗဟိုနိုင်ငံခြားရေးကော်မရှင်၏ အထွေထွေညွှန်ကြားရေးမှူးအဖြစ် Yang Jiechi နေရာ၌ အစားထိုးရန်မျှော်လင့်ထားသည်။ဝမ်သည် တစ်ချိန်က ဂျပန်နိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၎င်း၏ရာထူးကာလတွင် တိုကျိုအပေါ် တင်းတင်းမာမာရပ်တည်ခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် ဒေါသဖြစ်‌နေချိန်ကလည်း ဝမ်သည် ကမ္ဘောဒီးယား၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယရှိ နှင့် သြဂုတ်လက တွေ့ဆုံရန် စီစဉ်ထားခြင်းကိုလည်း ပယ်ဖျက်ခဲ့ကာ ပြီးခဲ့သည့်လက နူးယော့ခ်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌လည်း မစ္စတာဟာယရှိနှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။

တရုတ်နိုင်ငံ၏ သံတမန်ရေးရာအကြီးအကဲအသစ်သည် အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ နှင့် အတူလက်တွဲလုပ်ကိုင်ရန်လည်း မျှော်မှန်းထားသည်။ဂျပန်နိုင်ငံတွင် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် မစ္စတာ တခဲအိုအခိဘ ကဆောင်ရွက်မည်ဖြစ်ပြီး မစ္စတာဟာယရှိသည် နိုင်ငံခြားရေးဝန်ကြီးအသစ်နှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here