ကမာကြည်တံတားပေါ်မှခုန်ချသွားခဲ့သည့် အမျိုးသမီး၏ရုပ်အလောင်းအား ၃ ရက်အကြာတွင်ဘေလီတံတားအောက်ခြေ၌ ပြန်လည်တွေ့ရှိ

0
930

သုဝဏ္ဏ-ဒဂုံတောင်ပိုင်းသို့ ဖြတ်သန်းသည့် အ မှတ်(၂)ကမာကြည်တံတားပေါ်မှ အောက်တိုဘာ ၂၄ ရက်နံနက်ပိုင်းက ခုန်ချသွားခဲ့သည့် အမျိုးသ မီး၏ ရုပ်အ‌ လောင်းအား ၃ ရက်အကြာ အောက်တိုဘာ ၂၆ ရက်(ယနေ့)တွင်ပြန်လည်တွေ့ရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

တံတားပေါ်မှခုန်ချသွားခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဘေလီတံတားအောက်မှ ယနေ့နံနက် ၁၁ နာရီကျော်ခန့်၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလောင်းကိုပြန်တွေ့ပါပြီ ကျွန်တော်တို့လူမှုကူ ညီရေးအသင်းတွေ ရက်ဆက်ဝိုင်းရှာပေးခဲ့ပါတယ် ဒီနေ့မနက်ပိုင်းမှာပြန်တွေ့တာပါ သမ္မာန်နဲ့ရှာဖွေရေးလုပ်နေတဲ့ အဖွဲ့ကတွေ့တာပါ”ဟု သာကေတမြို့ နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်။

ရုပ်အလောင်းသည် ရေနစ်သေဆုံးသူများ၏ ဖြစ်စဥ်အတိုင်း ၃ ရက်အကြာ၌ပြန်ပေါ်လာခြင်းဖြစ်ကာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ပုတ်ပွနေသည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးသည် အသက်(၂၀)နှစ်ခန့်ရှိကာ အခင်းဖြစ်ပွားသည့်နေ့က ၎င်းတွင်ပါလာသည့် ပစ္စည်းများအား အမှတ်(၂)ကမာကြည်တံ တား၏ လျှောက်လမ်းတွင်ချထားခဲ့ပြီးနောက် ရေထဲသို့ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စဖြစ်ဖြစ်ချင်းမှာ ရေစီးသန်တော့ချက်ခြင်းဆင်းမရှာနိုင်ခဲ့ဘူး သိပ်မကြာဘူးရှာဖွေကယ်ဆယ်ရေးပစ္စည်းအစုံ လူအင်အားအများကြီးနဲ့ ဆက်တိုက်ရှာခဲ့ပါတယ် သမ္မာန်နဲ့လည်း ရေထဲကိုတောက်လျောက်ရှာခဲ့ပါတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကိုဇင်လင်းမောင်က ပြောသည်။

ပြန်လည်တွေ့ရှိခဲ့သည့် ရုပ်အလောင်းအား ယင်း အမျိုးသမီးခုန်ချခဲ့သည့် အမှတ်(၂)ကမာကြည်တံတားအနီးရှိ ကမ်းစပ်မှတဆင့် ကမ်းပေါ်သို့တင်ဆောင်ကာ လူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here