သာကေတမြို့နယ်တွင် လမ်းဖြတ်ကူးသည့် အ သက်(၉)နှစ်အရွယ်ကလေးငယ်တစ်ဦး ကားတိုက်ခံရ၍သေဆုံး

0
275

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ရှုခင်းသာလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၂၆ ရက်(ယနေ့)နံ နက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၁၀ နာရီကျော်ခန့်က သာကေတမြို့ နယ်၊ရှုခင်းသာလမ်းမကြီး၏ အောက်မေတ္တာလမ်းထိပ်တွင် လမ်းဖြတ်ကူးလာသည့် အသက် (၉)နှစ်အရွယ်ကလေးငယ်တစ်ဦးအား ကားတစ်စီးမှတိုက်၍မောင်းပြေးသွားခဲ့ကြောင်း သိရသည်။

“ကားကတိုက်ပြီးမောင်းပြေးသွားတယ် လက်ရှိအချိန်ထိတော့စုံစမ်းနေတယ် မျက်မြင်တွေ့တဲ့လူတွေကတော့ ကားနံပါတ်မှတ်မိတော့ ယာဥ်မှုစစ်ကိုပေးထားတယ်”ဟု သာကေတမြို့နယ်လူမှုကူ ညီရေးအသင်း၏ သတင်းပြန်ကြားရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်။

ကားဖြင့်တိုက်ခံရမှုကြောင့် ကလေးငယ်သည် ထိ ခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသွားသည့် ကလေးငယ်၏ရုပ်အလောင်းအား သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here