၃ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၅၀၀ ဦးခန့်အားစေလွှတ်ပေးနိုင်ခဲ့

0
360

တောင်ကိုရီးယားနိုင်ငံမှ မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံပေးလျက်ရှိရာ ၃ ရက်အ တွင်း မြန်မာအလုပ်သမား ၄၇၆ ဦးအား EPS စနစ်ဖြင့်စေလွှတ်ပေးနိုင်ခဲ့သည်ဟု ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။

ထိုသို့ စေလွှတ်ရာတွင် အောက်တိုဘာ ၂၅ ရက်က ၁၄၈ ဦး၊ အောက်တိုဘာ ၂၀ ရက်က ၁၇၈ ဦးနှင့် အောက်တိုဘာ ၁၈ ရက်က ၁၅၀ ဦးတို့ဖြစ် ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများတွင် ကုန်ထုတ် လုပ်သားသစ်အဖြစ် ဝင်ရောက်လုပ်ကိုင်မည့်သူ ၄၃၃ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ်အဖြစ်ဝင်ရောက်လုပ်ကိုင်မည့်သူ ၂၄ ဦးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်အဖြစ်ဝင်ရောက်လုပ် ကိုင်မည့်သူ ၁၉ ဦး(စုစုပေါင်း ၄၇၆ ဦး)တို့ဖြစ် ကြောင်း သိရသည်။

မြန်မာအလုပ်သမားများသည် ရန်ကုန်လေဆိပ်မှတဆင့် အင်ချွန်းလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြို ဆို၍ အလုပ်သမားများသိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များကူညီပံ့ပိုးပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here