ထန်းတပင်မြို့နယ်ရှိ သင်္ကန်းတုန်းချောင်းကူးတံ တား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီး တံတားအလယ်ပိုင်း ၄၂ ပေခန့်ပြိုကျပျက်စီး

0
234

ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်၊ကျွဲပွဲ-ဇရပ်ကြီးသွားကားလမ်းပေါ်ရှိ သင်္ကန်းတုန်းချောင်းကူးတံတားသည် အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က လက်နက် ကိုင်အဖွဲ့ဝင်များသည် ဖက်ဝင်ကုန်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ ကျွဲပွဲ-ဇရပ်ကြီးသွားကားလမ်းပေါ်ရှိ အရှည် ၁၅၀ ပေ၊အကျယ် ၁၄ ပေ သံကူကွန်ကရစ် သင်္ကန်းတုန်းချောင်းကူးတံတားအား မိုင်းထောင်၍ဖောက်ခွဲဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

“ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ် သိပ်မကြာဘူး စစ်သားတွေ ရဲတွေရောက်လာပြီး စစ်နေတာတွေ့တယ် ကျွန်တော်တို့လည်းသွားကြည့်လို့အဆင်မပြေတာကြောင့် မသွားခဲ့ဘူး ပေါက်ကွဲတဲ့အချိန်ဖြတ်သွားတဲ့လူတွေမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး”ဟု ထန်းတပင်မြို့ နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မိုင်းထာင်ထောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် သင်္ကန်းတုန်းချောင်းကူးတံတား၏ အလယ်ပိုင်းတွင် ၄၂ ပေခန့်ပြိုကျပျက်စီးသွားခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပျက်စီးသွားသည့်တံတားပေါ်၌ လက်ရှိအချိန်တွင် ကားများဖြတ်သန်းသွားလာ၍မရသဖြင့် တာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here