ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်မှ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက် သင်တန်းသားသစ်များခေါ်ယူ

0
316

ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်မှ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက် M.A(Buddhism), BA(Buddhism), Diploma(Buddha-Dhamma)သင်တန်းများအ တွက် တက်ရောက်လိုသည့် သင်တန်းသားအသစ်များအား ခေါ်ယူလျက်ရှိသည်။

သင်တန်းသားသစ်များသည် သင်တန်းတက်ရောက်ခွင့် ဝင်ခွင့်လျှောက်လွှာများအား ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်(Main Campus , ပင်မနယ်မြေ)၊ စမ်းချောင်းဌာနခွဲနှင့်မော်လမြိုင်ဌာနခွဲတို့၌ ထုတ် ယူနိုင်ကြောင်း သိရသည်။

MA(Buddhism)သင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာများအား နိုဝင်ဘာ ၁၆ ရက်တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကာ နိုဝင်ဘာ ၁၈ ရက်၌ ဝင်ခွင့်စာမေးပွဲဖြေဆို၍ နိုဝင်ဘာ ၁၉ ရက်၌ လူတွေ့စစ်ဆေးသွားမည်ဖြစ်သည်။

BA(Buddhism)နှင့် Diploma(Buddha-Dhamma) သင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများကိုလည်း နိုဝင်ဘာ ၁၆ ရက်တွင် နောက်ဆုံးတင်သွင်းရမည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်၌ ဝင်ခွင့်စာ မေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here