ပြည်မြို့တွင် ဧရာဝတီမြစ်အတွင်း အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
273

ပဲခူးတိုင်း၊ပြည်မြို့၊နဝင်းကမ်းနားလမ်းရှိ ဧရာဝ တီမြစ်အတွင်း အောက်တိုဘာ ၂၇ ရက်(ယနေ့) နံနက်ပိုင်းက အသက်(၃)နှစ်အရွယ်ခန့်ရှိ မိန်းက လေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ယနေ့နံနက် ၁၀ နာရီခန့်က နဝင်းကမ်းနားလမ်း၊ရွှေပလ္လင်မှော်ဘုရားဘေး ဧရာဝတီမြစ်၏ အောက်ချိုင့်တွင် ကလေးငယ်တစ်ဦးရေနစ်သေ ဆုံးကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(ပြည်)မှ သွားရောက်သယ်ယူခဲ့ကြသည်။

“ကလေးမလေးရဲ့အဖေကအလုပ်သွားတယ် အမေကလည်း စျေးသွားရောင်းနေတဲ့အချိန် အ ဘွားနဲ့နေခဲ့တာ ကလေးပျောက်သွားလို့လိုက်ရှာကြသေးတယ် ကမ်းနားမှာဘောင်းဘီလေးတွေ့ပြီး ကလေးအလောင်းကပေါ်လာတော့မှ ရေနစ်သွားမှန်းသိတာလို့ပြောကြတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကလေးငယ်၏ရုပ်အလောင်းအား မြန် မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ ပြည်မြို့ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ပို့ဆောင်ခဲ့ပြီးနောက် ရင်ခွဲရုံသို့ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)


LEAVE A REPLY

Please enter your comment!
Please enter your name here