ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာရေးနှင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရေးအ တွက် ကျေးရွာ (၄၄) ကို SMART Village စီမံကိန်းဖော်ဆောင်နေ

0
262

ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာရေးနှင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရေးအတွက် ‌ကျေးရွားပေါင်း (၄၄) ရွာကို SMART Village စီမံကိန်းအဖြစ် ယခုနှစ်အတွင်း တိုးချဲ့ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောသည်။

အောက်တိုဘာလ (၂၆) ရက်က နေပြည်တော်တွင် ပြုလု ပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် လူမှုစီး ပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ SMART Village စီမံကိန်းတွင် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် (၄၂) မြို့နယ်မှ ကျေးရွာပေါင်း (၄၄) ရွာ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူလူထု ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ကုန်ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေးအတွက် အ ထောက်အကူဖြစ်မည့် လုပ်ငန်းများကို အဓိက ဦးစားပေး အကောင်အထည်ဖော်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ယင်းသို့ ဆောင်ရွက်မှသာ ကျေးလက်ကုန်ထုတ်လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကျေးလက်ပြည်သူများ မိသားစုဝင်ငွေတိုးပွားစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေခြင်းမှတစ်ဆင့် ဒေသထွက်ကုန်အပေါ်အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဝန်ကြီးဌာနမှ ဆောင်ရွက် ပေးနေသည့် မြစိမ်း ရောင်ကျေးရွာစီမံကိန်း၊ ကျေးလက် စီးပွားမြင့်မားရေးစီမံကိန်း၊ ကျေးလက်အသက် မွေးဝမ်းကျောင်းသင်တန်းများသည်လည်း ကျေးလက် နေပြည်သူများ မိသားစုဝင် ငွေတိုးပွားရေးနှင့် ကျေးလက်စီးပွားမြင့်မားရေးကို ဖော်ဆောင်ပေး နိုင်သည့်အတွက် ပိုမိုအောင်မြင်အောင်ဆော င်ရွက်ကြရန်လည်း ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက တို က်တွန်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here