လူဦးရေ ၁၀၀၀ ကျော်အား “ဆုလာဘ်ပိုင်”ဒါနအိမ်မှ စတုဒိသာကျွေးမွေး

0
296

နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်ရှိ လက်လုပ်တောင်စေတီတော်တွင် “ဆုလာဘ်ပိုင်”ဒါနအိမ်မှ အောက် တိုဘာ ၂၆ ရက်နံနက်ပိုင်းက လူဦးရေ ၁၀၀၀ ကျော်အား စတုဒိသာကျွေးမွေးလှူဒါန်းခဲ့သည်။

လူဦးရေ ၁၀၀၀ ကျော်အား မော်လမြိုင်မုန့်ဟင်း ခါး၊ကောက်ညှင်းပေါင်း၊ကော်ဖီတို့အား ကုသိုလ်ပြုကျွေးမွေးဧည့်ခံခဲ့ပြီး တစ်ဦးလျင် ငွေကျပ် ၁၀၀၀ စီနှင့် ၆ ပြည်ဝင်ဆန်အိတ် ၃၀ အိတ်အား မဲဖောက်လှူဒါန်းပေးခဲ့သည်။

“ကျွန်တော့်ရဲ့ ၃၆ နှစ်ပြည့်မွေးနေ့အလှူမှာ ငွေ ကြေးခက်ခဲကျပ်တည်းတဲ့ အိမ်ထောင်စုတွေအ တွက် ကုသိုလ်ပြုလှူဒါန်းပေးတာပါ ငွေကြေးချို့ တဲ့သူတွေ၊ စားဝတ်နေရေးခက်ခဲကြတဲ့ မရှိနွမ်း ပါးသူတွေကို အခုလိုခက်ခဲနေတဲ့အချိန်မှာ စားဝတ်နေရေးခက်ခဲနေကြသူတွေအတွက် တစ်နပ်စာ တစ်ခဏတာ အာဟာရလေးပဲဖြစ်ပါစေအရ သာရှိရှိသုံးဆောင်စေချင်တဲ့ စေတနာနဲ့လှူဒါန်းခဲ့တာဖြစ်ပါတယ်”ဟု ဆုလာဘ်ပိုင် ဒါနအိမ်မှ ကိုအောင်ဘိုဘိုကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here