ရေနေသတ္တဝါမျိုးစိတ် ၅၀ ကျော် အချင်းချင်း အပြန်အလှန်ဆက်သွယ်နိုင်ကြောင်း သုတေသီတစ်ဦး ရှာဖွေတွေ့ရှိ

0
361

ယခင်က အချင်းချင်းဆက်သွယ်မှုမရှိဟု မှတ်ထင်ထားသော ပင်လယ်ရေနေသတ္တဝါ ၅၃ မျိုးတို့သည် အမှန်တွင်မူ အချင်းအချင်း အပြန်အလှန်ဆက်သွယ်နိုင်ကြကြောင်း သိပ္ပံပညာရှင် သုတေသီတစ်ဦးက အသစ်ရှာဖွေတွေ့ရှိခဲ့ကြသည်။

ယင်း မျိုးစိတ် ၅၃ ခုမှာ လိပ်မျိုးစိတ် ၅၀၊ Tuatara ခေါ် ကုန်းနေရေနေသတ္တဝါမျိုးစိတ်တစ်ခု၊ အဆုတ်ပါသောငါးမျိုးစိတ်နှင့် Caecilian ခေါ် ငါးရှဉ့်မျိုးစိတ်တစ်ခုတို့ဖြစ်ကြသည်။

အဆိုပါ မျိုးစိတ်များသည် သူတို့အချင်းချင်း သတင်းစကားများတောက်လျှောက်ပေးပို့နေကြသော်လည်း လူတို့က ဂရုပြုမိခြင်းမရှိကြသူ အဆိုပါ သိပ္ပံသုတေသီ ဖြစ်သူ Gabriel Jorgewich-Cohen ကဆိုသည်။

သူသည် လိပ်များအပါအဝင် ရေနေတိရစ္ဆာန်မျိုးစိတ်များကို မိုက်ခရိုဖုန်းများအသုံးပြု၍ လေ့လာခဲ့ခြင်းဖြစ်သည်။

သူ၏ လေ့လာတွေ့ရှိချက်များသည် ဆင့်ကဲဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိသိထားသမျှအနက် အချို့ကို ပြန်လည်ပြင်ဆင်မှတ်သားရန်ဖြစ်လာသည်။

Gabriel Jorgewich-Cohen သည် အင်္ဂလန်နိုင်ငံရှိ ချက်စတာ တိရစ္ဆာန်ရုံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ဖမ်းဆီးမွေးမြူခံထားရသော ရေနေသတ္တဝါ မျိုးစိတ်ပေါင်း ၅၃ ခုတို့အား လေ့လာသုတေသနပြုရန်အတွက် အသံပိုင်းဆိုင်ရာနှင့် ဗီဒီယိုကိရိယာများကို အသုံးပြုခဲ့သည်။

Gabriel Jorgewich-Cohen သည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်တက္ကသိုလ်တွင် Ph.D သင်တန်းတက်နေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here