UBP ပါတီအား နိုင်ငံရေးပါတီအ ဖြစ်မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်ရန် UEC အတည်ပြုခဲ့

0
296

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၂)၏ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၉ (က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှပယ် ဖျက်၍ ပါတီကိုဖျက်သိမ်းရန် UEC က အောက်တို ဘာ ၂၇ တွင် အတည်ပြုခဲ့သည်။

UEC သည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)အား ၂၀၁၉ ခုနှစ်၊ဧပြီ ၂၅ ရက် ရက်စွဲပါ ကြေညာချက်အမှတ်(၅၈/၂၀၁၉)၊ မှတ်ပုံတင်အမှတ်(၁၁၂)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့သည်

ထိုသို့ ခွင့်ပြုခဲ့သော်လည်း UBP ပါတီမှ ၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၁၀ ရက်တွင် စာအမှတ်၊ ၁/ စီမံ-၁ /ပကဆ/(၂)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးရန် UEC ထံတင်ပြခဲ့သည်။ 

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ[UNION BETTERMENT PARTY (UBP)]အား အောက်တို ဘာ ၂၇ ရက်မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ထားခြင်းမှပယ်ဖျက်၍ ပါတီအားဖျက်သိမ်းလိုက်သည်ဟု အတည်ပြုထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here