အီလွန်မတ်စ်၏ တွစ်တာပိုင်ရှင်ဘ၀ အလုပ်ဖြုတ်ခြင်းများဖြင့် စတင်

0
186

ဘီလျံနာ အီလွန်မတ်စ်သည် အောက်တိုဘာ ၂၇ ရက်တွင် တွစ်တာ၏ ပိုင်ရှင်သစ်ဖြစ်လာခဲ့ပြီးနောက် ထိပ်တန်းအမှုဆောင်အရာရှိအချို့အား အလုပ်ဖြုတ်ပစ်ခြင်းကို စတင်ပြုလုပ်ခဲ့သည်။

ထို့ကြောင့် အီလွန်မတ်စ်အနေဖြင့် သြဇာကြီးမားသော ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုအတွက် သူပြောဆိုခဲ့သလို ကြီးမားသော ရည်မှန်းချက်များ အောင်မြင်စေရန် မည်သို့ဆက်လက်ပြုလုပ်မည်ဆိုခြင်းကို အားလုံးက ဇဝေဇဝဖြစ်နေကြသည်။

သို့သော်လည်း အီလွန်မတ်စ်ကမူ ကုမ္ပဏီကို မည်သို့စီမံခန့်ခွဲမည်ဆိုခြင်းကို အသေးစိတ်ပြောကြားခြင်းမရှိသေးချေ။ ထို့ကြောင့် တွစ်တာကုမ္ပဏီမှ ဝန်ထမ်း ၇၅၀၀ ခန့်တို့သည် မိမိတို့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြသည်။

အီလွန်မတ်စ်ကမူ ဝင်ငွေပိုရစေရေးအတွက် တွစ်တာကို ဝယ်ယူခြင်းမဟုတ်ပဲ “ကျွန်တော်ချစ်တဲ့ လူသားတွေကို ကူညီဖို့ ကြိုးစားမှုတစ်ခုပါ”ဟု ကြာသပတေးနေ့ကပြောကြားခဲ့သည်။

အီလွန်မတ်စ်သည် သူ၏ တွစ်တာအကောင့်တွင်လည်း တွစ်တာအကြီးအကဲဟု ပြောင်းလဲရေးသားလိုက်ပြီဖြစ်ပြီ။


LEAVE A REPLY

Please enter your comment!
Please enter your name here