မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အပိုများ ဖျက်သိမ်းမည့်အစီအစဉ် ရက်ရွှေ့ဆိုင်းကြောင်း နစက ကြေညာ

0
238

နိုဝင်ဘာလ(၁) ရက် နောက်ဆုံးထားကာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အပိုများ ပြန်အပ်ရန် ညွှန်ကြားချက်အား နိုဝင်ဘာ (၁၅) ရက်အထိ ရွှေ့ဆိုင်းပေးလိုက်ကြော င်း လဝကဝန်ကြီးဌာနက အသိပေးကြေညာလိုက်သည်။

အောက်တိုဘာ (၂၇) ရက် ရက်စွဲဖြင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်သူများအနေဖြင့် မှတ်ပုံတင် အပိုကိုင်ဆောင်ထားခြ င်း၊ လူဦးရေ သန်းခေါင်စာရင်း အပိုကိုင်ဆောင်ထားခြင်းများ စစ်ဆေးတွေ့ရှိရသည့်အတွက် နိုဝင်ဘာလ (၁) ရက် နောက်ဆုံးထားကာ မြို့နယ်လဝကရုံးများတွင် အပ်နှံကြရန် မူလက ကြေညာထားခြင်း ဖြစ်သည်။

အဆိုပါ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း အပိုများအား သတ်မှတ်ရက်ဖြစ်သည့် နိုဝင်ဘာ (၁) ရက် အတွင်း ပြန် လည်အပ်နှံခြင်း မရှိပါက နောက်ဆုံးထုတ်ယူထားသည့် ကတ်ကိုသာ အတည်အဖြစ်မှတ်ယူကာ ယခင်ထုတ်ပေးထားသည့် ကတ်များအား ပယ်ဖျက်ပစ်မည်ဟု မူလက ကြေညာထားခြင်းလည်း ဖြစ်သည်။

ယင်းသို့ ကြေညာထားသော်လည်း ပြည်သူလူထု၏ ပ ညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ ဘဏ်ငွေ စာရင်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အိမ်ခြံမြေပိုင်ဆိုင်မှု၊ တယ် လီဖုန်း စသည့်ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်‌ နေသည့်အတွက် နိုဝင်ဘာ ၁၅ ရက်နေ့အထိ နှစ်ပတ် ရက်ထပ်တိုး သတ်မှတ်ပေးကြောင်း လဝက၏ ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိတွင် နိုင်ငံသား ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူများအား စာရင်းပြုစုကာ အသိအမှတ်ပြု ကတ်များ ထုတ်ပေးထားပြီးဖြစ်ရာ လူဦးရေ (၅၂) သန်း ကျော်ကို အီလက်ထရောနစ်စနစ်သုံး ဆော့ဖ်ဝဲစနစ်အတွင်း ရေးသွင်းထားပြီး ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မိမိတို့ ကိုင်ဆောင်ထားသည့် မှတ် ပုံတင်နှင့် လူဦးရေသန်းခေါင်းစာရင်းပါ အချက်အလက်များ ကွဲလွဲမှုရှိပါကလည်း သက်ဆိုင်ရာ မြို့နယ် လဝက ရုံးများတွင် သွားရောက်၍ ဖြေရှင်း ဆောင်ရွက်ကြရန်လ ည်း ညွှန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here