ဆိုင်းဘုတ်တက်ချိတ်သည့် အမျိုး သား ၂ ဦးဓာတ်လိုက်ခံရ၍ အရေပြားများလန်ပြီး ထိခိုက်ဒဏ်ရာများရမှု ပြည်မြို့တွင်ဖြစ်ပွား

0
223

ပဲခူးတိုင်း၊ပြည်မြို့ရှိ မြို့ရှောင်လမ်းတွင် အောက် တိုဘာ ၂၈ ရက်(ယနေ့)နံနက်ပိုင်းက ဆိုင်းဘုတ်တက်ချိတ်သည့် အမျိုးသား ၂ ဦးဓာတ်လိုက်ခံခဲ့ရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က ပြည်မြို့၊မြို့ရှောင်လမ်းမဘေးရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်အနီးတွင် ဆိုင်းဘုတ်တက်ချိတ်သည့် အမျိုး သား ၂ ဦးဓာတ်လိုက်ခံခဲ့ရကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သွား ရောက်ကူညီခဲ့ကြသည်။

ဓာတ်လိုက်ခံရမှုကြောင့် အမျိုးသား ၂ ဦး၏ ခြေ ထောက်နှင့်လက်များလှုပ်မရသည့်အပြင် အရေ ပြားများလန်၍(စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သဖြင့် အခင်းဖြစ်နေရာ၌ အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြသည်။

ထို့နောက် ဓာတ်လိုက်ခံရသည့် အမျိုးသား ၂ ဦးအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ၏ လူနာတင်ကားဖြင့် ဆေးကုသမှုခံယူရန် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)


LEAVE A REPLY

Please enter your comment!
Please enter your name here