ကမ္ဘာကြီး ပူနွေးလာမှုကို လူသား ၉၆% မျှ ရင်ဆိုင်ရမည်ဟုဆို

0
116

ပြီးခဲ့သည့် ၁၂လတာကာလများအတွင်း အပူချိန်များမြင့်တက်လာခြင်းကို အခြေခံ၍ သုတေသနပြုမှုများအရ ကမ္ဘာကြီးပိုမိုပူနွေးလာမှုကို ကမ္ဘာ့လူသား ၇.၆ ဘီလျံမျှ သိသိသာသာရင်ဆိုင်ရမည်ဟု သုတေသီတို့က ဆိုသည်။ ယင်းသည် ကမ္ဘာ့လူဦးရေ၏ ၉၆ ရာခိုင်နှုန်းမျှရှိသည်။

သို့ရာတွင် ယင်းလူဦးရေအနက် အပူချိန်မြင့်တက်မှုကို ပိုမိုပြင်းထန်စွာခံစားရခြင်းနှင့် လျော့နည်း၍ ခံစားရခြင်း အစရှိသည့် ခြားနားချက်ကတော့ ရှိမည်ဖြစ်သည်။

အပူပိုင်းဒေသများနှင့် အပူစုပ်ယူနိုင်သော သမုဒ္ဒရာများဝန်းရံထားသည် ကျွန်းငယ်များတွင် အပူချိန်မြင့်တက်မှုကို ပိုမိုခံစားကြရမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ခုနှစ် အောက်တိုဘာလအတွင်း ခွဲခြမ်းစိပ်ဖြာ လေ့လာခဲ့သော မြို့ပေါင်း ၁၀၂၁ မြို့အနက် တောင်ပစိဖိတ်ဒေသရှိ Samoa နှင့် Palau တို့ရှိ မြို့များသည် ရာသီဥတုပြင်းထန်မှုကို သိသိသာသာ အခံရဆုံးသော ဒေသများဖြစ်ကြောင်း Climate Central မှ သုတေသီများက ကြာသပတေးနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင်ဆိုထားသည်။

ဥပမာအားဖြင့်၊ မြို့  ၂၆ မြို့တွင်၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၃၆၅ ရက်အတွင်း အနည်းဆုံး ရက်ပေါင်း ၂၅၀ တွင် ရာသီဥတုပြောင်းလဲမှုကြောင့် အနည်းဆုံး သုံးဆပို၍ အပူချိန်တိုးလာသည်ကို တွေ့ခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here