တာချီလိတ်မြို့တွင် နေအိမ်အတွင်း၌သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

0
368

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ် ကွက်ရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာ ၂၈ ရက်(ယနေ့)ညနေပိုင်းက သေဆုံးနေသည့် အသက်(၅၈)နှစ်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။

ယနေ့ညနေပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်၊ဟီသာဝတီ(၄)လမ်းထိပ်ရှိ နေအိမ်တစ်လုံးအတွင်း၌ အပုတ်နံ့များထွက်နေသဖြင့် ရပ်ကွက်နေသူများက တာဝန်ရှိသူများထံဆက်သွယ်အကြောင်းကြားခဲ့ကြသည်။

ထို့ကြောင့် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ တာဝန် ရှိသူများက နေအိမ်အတွင်းဝင်ရောက်၍ ရှာဖွေစစ်ဆေးရာ နေအိမ်အိပ်ခန်းအတွင်း၌ သေဆုံးနေသည့် အမျိုးသမီးကြီး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ရသည်။

“အဲဒီအမျိုးသမီးက တစ်ယောက်ထဲနေတာဗျ နာမည်ကတော့ကျွန်တော်လည်းမသိဘူး ဘယ်လိုဖြစ်တယ် ဘယ်နေ့ကသေဆုံးနေတယ်ဆိုတာကိုစစ်ဆေးနေတာတွေ့တယ်”ဟု တာချီလိတ်မြို့နေသူတစ်ဦးကပြောသည်။

သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သေဆုံးရသည့်အကြောင်းရင်းအား သိရှိနိုင်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here