ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးမုန်တိုင်းကြားမှ မမှိတ်မသုန်ကြိုးစားမည်ဟု PPST အဖွဲ့ပြောကြား

0
160

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လှိုင်းလေထန်နေသည့် နိုင်ငံရေးမုန်တိုင်းကြားမှ မမှိတ်မသုန်ကြိုးစားသွားမည်ဖြစ်ကြောင်း PPST အဖွဲ့ပြောကြားသည်။

အောက်တိုဘာ (၂၈) ရက် ရက်စွဲဖြင့် PPST အဖွဲ့က အချ က် (၅) ချက်ပါဝင်သော ၎င်းတို့၏ သဘောထားကို သတ င်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် PPST အ ဖွဲ့အစည်းအဝေး (၂/၂၀၂၂) ကို ပြုလုပ်ခဲ့ပြီး လက်ရှိဖြစ် ပွားနေသည့် စစ်ရေး ၊ နိုင်ငံရေး၊ အရပ်သားအကာ အကွ ယ်ပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည် ။

PPST အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး အာဆီယံအပါအဝင် နိုင် ငံတကာ အသိုင်းအဝိုင်းနှင့် အစဉ်တစိုက် လက်တွဲဆော င်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းတို့၏ သဘောထားကို ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းနှင့်ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊အနန့်ကျေးရွာဖြစ်စဉ်တို့ကြောင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများအပေါ် အနှုတ်လက္ခ ဏာဆောင်သည့် အကျိုးသက်ရောက်မှုများဖြစ်ပေါ်စေ၍ သက်ဆိုင်သူများအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး၊စစ်ရေးပဋိပက္ခများကို ပိုမိုဆိုးရွားစေမည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို ရှောင်ရှားကြရန်နှင့်နောက်နောင်မဖြစ်ပေါ်စေရေးအတွက် PPST အနေဖြင့်တိုက်တွန်းသည်ဟု ထုတ်ပြန်ရေးသားထားသည်။

PPST အဖွဲ့အနေဖြင့် ၎င်းတို့၏ ရပ်တည်ချက် အခြေခံမူ (၃) ရပ်ဖြစ်သည့် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ နိုင်ငံ ရေးဆွေးနွေးပွဲများ ဖြစ်မြောက်လာရေး၊ အရပ်သားအ ကာအကွယ်ပေးရေး မူများအပေါ် ခိုင်မာစွာ ရပ်တည်ပြီး ငြိမ်းချမ်းရေး ရရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here