ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့တွင် ဒုတိယအကြိမ်မြောက်နာဂပုရသာသနာလင်္ကာရမဏေကျော်စာမေးပွဲအောင် ၅၄၁ ပါးအား မနက် ဖြန်၌ စာအောင်ဆုများဆက်ကပ်ချီးမြှင့်မည်

0
477

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ဟိုပုံးမြို့၊နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ကျင်းပသည့် ဒုတိယအကြိမ်မြောက်နာဂပုရသာသနာလင်္ကာရမဏေကျော်စာ မေးပွဲအောင် သံဃာ ၅၄၁ ပါးအား အောက်တိုဘာ ၂၉ ရက်(မနက်ဖြန်)မွန်းတည်းပိုင်းတွင် စာအောင်ဆုများဆက်ကပ်သွားမည်ဖြစ်သည်။

အဆိုပါ စာမေးပွဲအား အောက်တိုဘာ ၂၄ ရက်မှစတင်၍ နာဂပုရသာသနာလင်္ကာရအသင်းမှကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကာ စာဖြေသံဃာတော်များနှင့်သီလရှင်များစွာ ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြပြီးနောက် နာဂပုရသာမဏေကျော်စာမေးပွဲ ပထမဆင့်တွင် စာအောင်သံဃာ ၂၅၈ ပါး၊ ဒုတိယဆင့်တွင် စာ အောင်သံဃာ ၁၂၆ ပါးနှင့် တတိယဆင့်တွင် စာ အောင်သံဃာ ၁၅၇ ပါးပေါ်ထွက်ခဲ့ကြောင်း သိရသည်။

ယင်း စာအောင်သံဃာ ၅၄၁ ပါးအား အောက်တို ဘာ ၂၉ ရက်(မနက်ဖြန်)နံနက် ၉ နာရီ၌ လှူဖွယ်ဝ တ္ထုပစ္စည်းများအား နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဘောလုံးကွင်းအတွင်း၌ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here