ပြည်ပရောက် မြန်မာများ၏ လုပ်ခလစာများကို တစ်ဒါ်လာ ၃၀ ကျပ် အပိုထပ်ဆောင်းပေးမည် ဟု ဗဟိုဘဏ်ထုတ်ပြန်

0
931

နိုဝင်ဘာ (၁) ရက်မှ စတင်ကာ ပြည်ပရောက် မြန်မာလုပ်သားများ ပြည်တွင်းသို့ ပြန်လည်လွှဲပို့သည့် လုပ်ခလစာများအား တစ်ဒေါ်လာလျှင် (၃၀) ကျပ် အပိုထပ်ဆောင်းပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က သတင်း ထုတ်ပြန်သည်။

အဆိုပါ သတင်း ထုတ်ပြန်ချက်ကို ယနေ့ အောက်တိုဘာ (၂၈) ရက် ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို ထပ်ဆောင်းအပိုငွေ ပေးအပ်ခြင်းမှာ ပြည်ပရောက်မြန်မာလုပ်သားများအနေဖြင့် ပြည်တွင်း၌ နိုင် ငံခြားငွေကို တစ်ဖက်တစ်လမ်းမှာ ရှာဖွေပေးနေသည့် အ တွက် ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

အဆိုပါ အပိုထပ်ဆောင်းငွေ (၃၀) ကျပ်ကို ပြည်တွင်းရှိ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့်ရှိသည့် လိုင်စင်ရဘဏ်များမှ တဆင့် ပြန်လည် လွှဲပို့လာသည့် လုပ်ခလစာများကို ထပ်ဆောင်းပေးမည့် အစီအစဉ်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ပြည်ပမှ ပြန်လည် လွှဲပို့သည့် လုပ်ခ လစာများတွင် ဒေါ်လာအပြင် အခြားသော နိုင်ငံခြားငွေကြေးများလည်း အကျုံးဝင်ကြောင်း သိရသည်။

ယင်း ထပ်ဆောင်းအပိုငွေများကို ပြည်တွင်း၌ ငွေထုတ် ယူသည့်နေ့၌ တပါတည်း တွက်ချက်ကာ ချက်ချင်း ပေးဆောင်သွားမည် ဟုလည်း ဗဟိုဘဏ်က ဆိုသည်။

လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်ပြင်ပပေါက် ဈေးမှာ အမေရိကန် တစ်ဒေါ်လာလျင် ၃၀၀၀ ဝန်းကျင် ဖြစ်ပြီး ဗဟိုဘဏ်က ၂၁၀၀ ကျပ်ဖြင့်သာ ရောင်းဝယ်လဲလှယ်ကြရန် ရည်ညွှန်းသတ်မှတ်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here