ဖားကန့်မြို့မှအလွတ်တန်းသတင်းထောက်ကိုဇော်ဝင်းမောင် ပြန်လည်လွတ်မြောက်လာ

0
203

ဖားကန့်အကျဥ်းထောင်၌ ထောင်ဒဏ် ၁ နှစ် ၇ လချမှတ်ခံခဲ့ရသည့် အလွတ်တန်းသတင်းထောက်ကိုဇောင်ဝင်းမောင်သည် အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းကပြန်လည်လွတ် မြောက်လာခဲ့သည်။

အလွတ်တန်းသတင်းထောက်ကိုဇော်ဝင်းမောင်သည် ၂၀၂၁ ခုနှစ်၊မေ ၂၅ ရက်က လုံးခင်းကျေး ရွာတွင် ညဆီမီးသပိတ်ပြုလုပ်နေစဥ် ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ပို့ကုန်/သွင်းကုန် ဥပဒေတို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

ထိုသို့ တရားစွဲဆိုခံခဲ့ရပြီးနောက် ပုဒ်မ၅၀၅(က) အတွက် ထောင်ဒဏ် ၁ နှစ် ၆ လ၊ ပို့ကုန်/သွင်း ကုန်ဥပဒေအတွက် ထောင်ဒဏ် ၁ လ(စုစုပေါင်း ထောင်ဒဏ် ၁ နှစ် ၆ လ)အမိန့်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

အလွတ်တန်းသတင်းထောက်ကိုဇော်ဝင်းမောင်သည် သာမန်လွတ်ရက်ပြည်၍ ပြန်လည်လွတ် မြောက်လာခြင်းဖြစ်ကာ ၎င်းနှင့်အတူ ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် အမျိုးသား ၁ ဦးလည်း လွတ်မြောက်လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here