သာကေတ အနော်မာရပ်ကွက် ရေကန်အတွင်း ရေနစ်ပျောက်ဆုံးသွားသူ၏ ရုပ်အလောင်းအား ယနေ့ ပြန်လည်တွေ့ရှိ

0
388

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်ရှိ သောက်သုံးရေကန်အတွင်း ရေနစ်ပျောက်ဆုံးသွားသည့် အသက်(၄၀)နှစ်ခန့်ရှိ အ မျိုးသား၏ရုပ်အလောင်းအား အောက်တိုဘာ ၂၉ ရက်(ယနေ့)နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့သည်ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က ရှာဖွေရေးလုပ်နေသည့် လူမှုကူညီရေးအသင်းများနှင့်ရပ်ကွက်နေသူများက ရေကန်အတွင်းရှာဖွေနေရာမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတွေပေါင်းပြီး မနက် ၅ နာရီထဲကရှာဖွေရေးလုပ်ခဲ့ပါတယ် ဒါ့ကြောင့် မနက် ၉ နာရီလောက်မှာအလောင်းကိုပြန်တွေ့ခဲ့တာပါ မနေ့ကလည်း ဖြစ်စဥ်သိတဲ့အချိန်ကစပြီး ရှာဖွေရေးတွေလုပ်ခဲ့ပါတယ်” ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သ တင်းပြန်ကြားရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ပေးဆပ်သူလူမှုကူညီ‌ရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းက ၁/အနော်မာရပ်ကွက်ရှိ သောက်သုံး ရေကန်အတွင်း၌ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကန်တွင် အောက်တိုဘာ ၂၀ ရက်နံ နက်ပိုင်းကလည်း အမျိုးသား ၁ ဦးရေနစ်သေဆုံးခဲ့သဖြင့်ရှာဖွေကာ သင်္ဃန်းကျွန်းစံပြဆေးရုံရင်ခွဲ ရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

Photo-သာကေတမြို့နယ်လူမှုကူညီ‌ ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here