ရန်ကုန်တိုင်းအတွင်း၌ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်းအပါအဝင် စီမံကိန်းများအားဖော်ဆောင်လျက်ရှိ

0
254

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းဖေမှ အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းက နေပြည် တော်၌ပြုလုပ်သည့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ပထမအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ သန့်ရှင်းသာယာပြီး သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသည့် လူနေထိုင်မှုဘဝရရှိနိုင်ရေးနှင့်တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုကဏ္ဍမြင့်မားတိုးတက်လာစေရေးတို့အတွက် နိုင်ငံတကာအဆင့်မီစက်မှုဇုန်စီမံကိန်းများအား အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။

ရန်ကုန်တိုင်းအတွင်း၌ မင်္ဂလာဒုံစက်မှုဥယျာဉ်စီမံ ကိန်း၊ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း၊Yangon Amata Smart and Eco City၊နိုင်ငံတ ကာအဆင့်မီ ပန်းလှိုင်ဂေါက်ကွင်းနှင့်အဆင့်မြင့်အိမ်ရာစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုးနည်း၊တန်ဖိုးသင့် အရောင်းအိမ်ရာစီမံကိန်းများအဖြစ် ကျန်စစ်မင်းအိမ်ရာ၊ရွှေလင်ဗန်းအိမ်ရာ၊ယုဇနအိမ်ရာ၊ကနောင်အိမ်ရာ၊အောင်မြင့်မိုရ်နှင့်သီလဝါဥယျာဉ် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကိုလည်း ဆောက်လုပ်ရောင်းချပေးလျက်ရှိသည်ဟု ပြောသည်။

နေပြည်တော်တွင် အိမ်ခန်းပေါင်း ၄၄၈ ခန်း၊ရန်ကုန်မြို့တွင် အိမ်ခန်းပေါင်း ၃၁၀၄ ခန်းနှင့် မန္တ လေးမြို့တွင် အိမ်ခန်းပေါင်း ၁၄၅၆ ခန်းတို့အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဟု ပြောသည်။

“အိမ်ခန်းပေါင်း ၁၀၀၀၀ ပါတဲ့ ပြည်သူ့အငှား အိမ် ရာစီမံကိန်းတွေကို နေပြည်တော်၊ရန်ကုန်နှင့်မန္တ လေးမြို့ကြီးတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ် စီမံကိန်းပထမအဆင့်အ နေနဲ့ အိမ်ခန်းပေါင်း ၅၀၀၀ ကျော်တည်ဆောက်သွားမှာပါ”ဟု ဒု-ဝန်ကြီးဦး‌ဖေကပြောသည်။

အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တန်ဖိုးနည်း၊တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာများအပြင် ပြည်သူ့အငှားအိမ် ရာနှင့်နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အိမ်ရာများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခန်းပေါင်း ၄၉၂ ခန်း တည်ဆောက်ပြီးစီးမှု၊မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်နိုင်မှုနှင့်အိမ်ရာလိုအပ်ချက်ဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here